ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမဳိ႕တြင္ လမ္းေပၚ၌ ဓါးကိုင္ရမ္းကားေနသူအား တားျမစ္ရန္ႀကိဳးစားသည့္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး မ်က္ႏွာတြင္ ဓါးဒဏ္ရာရသြားေၾကာင္း သိရသည္။
ရပ္ကြက္ (၆) တြင္ ၂၀၁၉ ခုႏွစ္၊ ဇူလိုင္လ (၈) ရက္ေန႔ ညေနပိုင္းက အမ်ိဳးသားတစ္ဦး ဓါးရွည္တစ္ေခ်ာင္းကိုင္ေဆာင္၍ လမ္းသြားလမ္းလာမ်ားကို ရမ္းကားေနသည္ဟု သတင္းရသည့္အတြက္ အဆိုပါရပ္ကြက္၏ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ဦးစိုင္းဖိုးၾကြယ္က အရန္မီးသတ္တပ္ဖြဲ႕ဝင္မ်ားႏွင့္အတူ သြားေရာက္တားျမစ္ရာမွ ဓါးျဖင့္ခုတ္မိ၍ ဝဲဘက္မ်က္ခံုးေပၚ၌ ျပတ္ရွဒဏ္ရာ( ၁ ) ခ်က္ရရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
လမ္းသြားလမ္းလာမ်ားအေပၚ ဓါးကိုင္ရမ္းကားေနသည့္ ေစာေရႊဆိုသူသည္ ၎အား ဖမ္းဆီးမည့္အဖြဲ႔အား ေတြ႔ရသည့္အတြက္ နဂါးတြင္းလမ္းဘက္သို႔ ထြက္ေျပးသြားရာ ပူးေပါင္းအဖြဲ႔မွ လိုက္လံဖမ္းဆီးစဥ္ ေစာေရႊသည္ ဓါးအား ေ၀ွ႔ရမ္းကာ အနားမကပ္နဲ႔ ဟု ေျပာၿပီး ဆက္လက္ေ၀ွ႔ရမ္းရာမွ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးမွ ာ ဓါးဒဏ္ရာရရွိသြားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
ဓါးကိုင္ေသာင္းက်န္းေနသူ အသက္ (၃၇)ႏွစ္အရြယ္ ေစာေရႊအား ဝိုင္းဝန္းဖမ္းဆီးၿပီး လားရိႈးၿမိဳ႕မရဲစခန္းတြင္ ( ပ )၂၅၅/ ၂၀၁၉ ၊ ရာဇသတ္ႀကီးပုဒ္မ-၃၃၃ ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။
သတင္း - ေနၿဖဳိးျမင့္
ရပ်ကွက် (၆) တွင် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၈) ရက်နေ့ ညနေပိုင်းက အမျိုးသားတစ်ဦး ဓားရှည်တစ်ချောင်းကိုင်ဆောင်၍ လမ်းသွားလမ်းလာများကို ရမ်းကားနေသည်ဟု သတင်းရသည့်အတွက် အဆိုပါရပ်ကွက်၏ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းဖိုးကြွယ်က အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ သွားရောက်တားမြစ်ရာမှ ဓားဖြင့်ခုတ်မိ၍ ဝဲဘက်မျက်ခုံးပေါ်၌ ပြတ်ရှဒဏ်ရာ( ၁ ) ချက်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လမ်းသွားလမ်းလာများအပေါ် ဓားကိုင်ရမ်းကားနေသည့် စောရွှေဆိုသူသည်၎င်းအား ဖမ်းဆီးမည့်အဖွဲ့အား တွေ့ရသည့်အတွက် နဂါးတွင်းလမ်းဘက်သို့ ထွက်ပြေးသွားရာ ပူးပေါင်းအဖွဲ့မှ လိုက်လံဖမ်းဆီးစဉ် စောရွှေသည် ဓားအား ဝှေ့ရမ်းကာ အနားမကပ်နဲ့ ဟု ပြောပြီး ဆက်လက်ဝှေ့ရမ်းရာမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးမှာ ဓားဒဏ်ရာရရှိသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဓားကိုင်သောင်းကျန်းနေသူ အသက် (၃၇)နှစ်အရွယ် စောရွှေအား ဝိုင်းဝန်းဖမ်းဆီးပြီး လားရှိုးမြို့မရဲစခန်းတွင် ( ပ )၂၅၅/ ၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ-၃၃၃ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
သတင်း - နဖြေိုးမြင့်