အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူထားသည့် တရားခံပြေး (၂၀)ဦးအား တွေ့ရှိပါက ရဲတပ်ဖွဲ့ထံသို့ အမြန်ဆုံးသတင်းပေးနိုင်ရန်အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ၂၀၁၉ခုနှစ် ဇွန်လ(၉)ရက်နေ့တွင် ထုတ်ပြန်ကြေငြာထားရှိသည်။
Tachileik News Agency
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးခဲ့သည့် အမှုများတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅၊ ၅၆၊ ၅၇၊ ၅၉၊ ၅၆/၆၃၊ ၅၇/၆၃၊ ၅၉/၆၃ တို့အရ သက်ဆိုင်ရာရဲစခန်းများတွင် အမှုဖွင့်လှစ်ထားရှိရာ ဖော်ပြပါ တရားခံများမှာ ထွက်ပြေးတိမ်းရှောင်နေလျက်ရှိကြောင်း သိရသည်။
တရားခံပြေးအဖြစ် ထုတ်ပြန်ကြေညာခံထားရသည့် (၂၀)ဦးတွင် တွဲဖက်မြို့နယ်တရားသူကြီး၊ ဒုတိယခရိုင်တရားသူကြီး၊ တက္ကသိုလ်ပါမောက္ခချုပ်၊ တောအုပ်(သစ်တောဦးစီးဌာန)၊ စခန်းမှူး၊ တရားမဝင်သစ်စက်လုပ်ငန်းရှင်၊ ဒုခရိုင်အုပ်ချုပ်ရေးမှူး၊ ဦးစီးအရာရှိ(မြေစာရင်း)၊ မြို့နယ်တရားသူကြီး၊ မြို့နယ်ဥပဒေအရာရှိ၊ အထက်တန်းရှေ့နေ၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ ရွှေလုပ်ငန်းရှင်၊ တောင်သူ၊ ဒုတိယညွှန်ကြားရေးမှူး(ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန)တို့ ပါဝင်ရာ အမျိုးသား(၁၃)ဦး နှင့် အမျိုးသမီး(၇)ဦးပါဝင်ကြောင်း သိရသည်။
Tachileik News Agency