ဘီလူးချောင်းအတွင်း ရေနစ်ပျောက်ဆုံးနေသော တက္ကသိုလ်ဝင်တန်းကျောင်းသားကို တစ်ရက်ကျော်အကြာတွင် အလောင်း ပြန်လည်တွေ့ရှိ

ဘီလူးချောင်းအတွင်း ရေနစ်ပျောက်ဆုံးနေသော တက္ကသိုလ်ဝင်တန်းကျောင်းသားကို တစ်ရက်ကျော်အကြာတွင် အလောင်း ပြန်လည်တွေ့ရှိ
မေ 8, 2019
By Tachileik News Agency

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဓမ္မာရုံရပ်ကွက်ရှိ တက္ကသိုလ်ဝင်တန်းစာကျက်ဝိုင်းမှ ကျောင်းသားတစ်ဦး ၂၀၁၉ ခုနှစ်၊ မေလ (၆)ရက်နေ့ နေ့လယ်ပိုင်းက ဘီလူးချောင်းအတွင်း ရေကူးရင်းနေနစ်သွားသဖြင့် ရှာဖွေနေကြရာ မေလ (၇)ရက်နေ့ညနေပိုင်းက အလောင်းပြန်တွေ့ရကြောင်း သိရသည်။


ရေနစ်ပျောက်ဆုံးသွားသည့် ကလေးအား ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ရေငုပ်ကျွမ်းကျင်သော ဒေသခံများ ၊ လူမှုကူညီရေးအဖွဲ့များမှ ဝိုင်းဝန်းရှာဖွေကြရာ မေလ (၇) ရက်နေ့ ညနေ (၅)နာရီခွဲ အချိန်ခန့်တွင် ၎င်းနစ်မြုပ်သားသော နေရာအနီး ရေလယ်တွင် အလောင်းအားပြင်ပဒဏ်ရာ မတွေ့ရဘဲ ပြန်ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။




~~~~~~~~⊰❂ Unicode Version ~~~~~~~~

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဓမ္မာရုံရပ်ကွက်ရှိ တက္ကသိုလ်ဝင်တန်းစာကျက်ဝိုင်းမှ ကျောင်းသားတစ်ဦး ၂၀၁၉ ခုနှစ်၊ မေလ (၆)ရက်နေ့ နေ့လယ်ပိုင်းက ဘီလူးချောင်းအတွင်း ရေကူးရင်းနေနစ်သွားသဖြင့် ရှာဖွေနကြေရာ မေလ (၇)ရက်နေ့ညနေပိုင်းက အလောင်းပြန်တွေ့ရကြောင်း သိရသည်။

မောင်စိုင်းကောင်းခေးသည် စာကျက်ဝိုင်းမှ ကျောင်းသား (၃)ဦးနှင့်အတူ မေလ (၆) ရက်နေ့ နေ့လယ် (၁၁) နာရီခွဲဝန်းကျင်က စာကျက်ဝိုင်းနေအိမ်အနီးရှိ ဘီလူးချောင်းရေချိုးဆိပ်အတွင်း ရေဆင်းကူးရာမှ ရေနစ်ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရေနစ်ပျောက်ဆုံးသွားသည့် ကလေးအား ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ရေငုပ်ကျွမ်းကျင်သော ဒေသခံများ၊ လူမှုကူညီရေးအဖွဲ့များမှ ဝိုင်းဝန်းရှာဖွကြေရာ မေလ (၇) ရက်နေ့ ညနေ (၅)နာရီခွဲ အချိန်ခန့်တွင်၎င်းနစ်မြုပ်သားသော နေရာအနီး ရေလယ်တွင် အလောင်းအားပြင်ပဒဏ်ရာ မတွေ့ရဘဲ ပြန်ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။

​သေဆုံးသူ ​မောင်​​စိုင်​း​ကောင်​း​ခေး မှာ ဖား​ဆောင်​းမြို့နယ်​ နန်​းကစ်​​ကျေးရွာမှ လွိုင်​​ကော်​မြို့တွင်​ ကိုးတန်​း​အောင်​မြင်​၍ ဆယ်​တန်​းတတ်​​ရောက်​ရန်​ စာကျက်​ဝိုင်​းတွင်​ ပညာသင်​​ကြား​ နေသူ တစ်​ဦးဖြစ်​ပြီး၎င်း၏ အ​လောင်​းအား ရဲ​ဆေးစာဖြင်​့ လွိုင်​​ကော်​ပြည်​သူ့​ဆေးရုံကြီးသို့ ပို့​ဆောင်​ကာ ဓမ္မတာအတိုင်​း ​သေဆုံးခြင်​းဟုတ်​မဟုတ်​ ​သေမှု​သေခင်​း ​ရေးဖွင်​့၍ စစ်​​ဆေး​ဆောင်​ရွက်​ထား​ကြောင်​းသိရသည်​။

သတင်း/ဓာတ်ပုံ- ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net