ကယားျပည္နယ္အစိုးရႏွင့္ KNPP တုိ႔ၾကား (၇)လၾကာရပ္ဆုိင္းခဲ့သည့္ ျပည္နယ္အဆင့္ လစဥ္ပံုမွန္ အစည္းအေဝးကို ျပန္လည္လုပ္ေဆာင္သြားေတာ့မည္ျဖစ္ေၾကာင္း သိရသည္။
ျပည္ေထာင္စုၿငိမ္းခ်မ္းေရးေကာ္မရွင္၊ ကယားျပည္နယ္အစိုးရႏွင့္ KNPP တို႔ ၂၀၁၉ ခုႏွစ္၊ ေမလ (၆)ရက္ေန႔က လိြဳင္ေကာ္ၿမိဳ႕ Famous hotel တြင္ ေတြ႔ဆံုေဆြးေႏြးၿပီးေနာက္ ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလမွစ၍ ရပ္ဆုိင္းထားခဲ့သည့္ ပံုမွန္အစည္းအေဝးကို ျပန္လည္က်င္းပရန္ သေဘာတူညီခဲ့ၾကျခင္း ျဖစ္ေၾကာင္း သိရသည္။
" ဒီေန႔အဓိက ရခဲ့တဲ့သေဘာတူညီခ်က္က အဲဒီလစဥ္ပုံမွန္အစည္းအေဝးနဲ႔ပက္သက္တဲ့ သေဘာတူညီခ်က္ပဲ။ လစဥ္ပုံမွန္အစည္းအေဝးကို ျပန္ၿပီးေတာ့က်င္းပမယ္။ က်င္းပတဲ့အခါလည္း ပိုၿပီးေတာ့ အစည္းအေဝးပုံစံက်ေအာင္ အစည္းအေဝးနဲ႔ပတ္သက္တဲ့ လုပ္ငန္းလမ္းၫႊန္ေလးကိုလည္း ေရဆြဲၿပီးသေဘာတူညီႏိုင္ခဲ့တယ္။ အရင္က လစဥ္ပုံမွန္အစည္းေဝး႐ွိခဲ့တယ္။ သေဘာတူညီခ်က္အရ တရားဝင္ပုံစံျဖစ္ရမယ္ေပါ့။ သို႔ေသာ္ ေဆြးေႏြးတဲ့ပုံစံေတြက တစ္ခါတစ္ေလ အလြတ္သေဘာပိုဆန္သြားတာေတြ ျဖစ္တယ္။ ဒါေတြေၾကာင့္ အစည္း အေဝးပုံစံေလး ပိုက်သြားေအာင္ ေဆြးေႏြးတယ္။ ေဆြးေႏြးကူဖို႔အတြက္ NRPC ကိုပါ ပါဝင္ဖို႔ေျပာထားတယ္။ ဒါေလးေတြ အဓိကသေဘာတူခဲ့တာပါ " ဟု KNPP (ကရင္နီအမ်ိဳးသားတိုးတက္ေရးပါတီ)၏ ၿငိမ္းခ်မ္းေရး ေဖာ္ေဆာင္ေရးေကာ္မတီ ေျပာေရးဆိုခြင့္႐ွိသူ နဲ႔နယ္ပလိုက ေျပာသည္။
ယခုေဆြးေႏြးပြဲမ်ာ ၂၀၁၈ ခုႏွစ္၊ ဧၿပီလအတြင္းက NRPC ၊ ျပည္နယ္အစိုးရႏွင့္ KNPP တို႔ ေတြ႔ဆုံေဆြးေႏြးမႈမွ သေဘာတူညီခဲ့သည့္ ကိစၥရပ္မ်ားအား တစ္ႏွစ္ျပည့္၍ ျပန္လည္သုံးသပ္ေဆြးေႏြးခဲ့ျခင္းျဖစ္ၿပီး ေအာက္ေျခတြင္ ႏွစ္ဖက္အဖြဲ႔မ်ားအေနျဖင့္ ပိုမိုပူးေပါင္းေဆာက္ရြက္ရန္သေဘာတူညီမႈမ်ား ရ႐ွိခဲ့ၿပီး KNPP ႏွင့္လည္းဆက္၍ ေတြ႔ဆုံသြားမည္ျဖစ္ေၾကာင္း ႏိုင္ငံေတာ္အတိုင္ပင္ခံ႐ုံးဝန္ႀကီးဌာန ၫႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေဇာ္ေဌးထံမွ သိရသည္။
" မၾကာခင္မွာ KNPP နဲ႔ ကြၽန္ေတာ္တို႔ NRPC နဲ႔ေတြ႔ပါမယ္။ ၿပီးရင္တပ္မေတာ္နဲ႔ေတြ႔ပါမယ္။ ေတြ႔ၿပီးရင္ေနာက္တစ္ဆင့္ကေတာ့ ကြၽန္ေတာ္တို႔ NCA ေရးထိုးေရးပါပဲ။ အဲဒီအေပၚမွာ အၾကမ္းဖ်င္း NCA ထိုးဖို႔ဘယ္လိုသြားမယ္ ဆိုတာထိလည္း ေက်ေက်လည္လည္ ေဆြးေႏြးႏိုင္တယ္။ ကြၽန္ေတာ္တို႔ အစိုးရဖက္ကေတာ့ ေမလထဲမွာေတြ႔ဖို႔ အဆိုျပဳတယ္။ သို႔ေသာ္ KNPP ဖက္ကေတာ့ သူတို႔ဗဟိုေကာ္မတီမွာ ျပန္ေဆြးေႏြးရအုံးမွာျဖစ္လို႔ ျပန္အေၾကာင္းၾကားမယ္လို႔ ေျပာပါတယ္ " ဟု ႏိုင္ငံေတာ္အတိုင္ပင္ခံ႐ုံးဝန္ႀကီးဌာန ၫႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေဇာ္ေဌးက ေျပာသည္။
NRPC ၊ ျပည္နယ္အစိုးရ ႏွင့္ KNPP တို႔၏ ေတြ႔ဆုံေဆြးေႏြးပြဲတြင္ ျပည္နယ္အဆင့္ အစိုးရ ၊တပ္မေတာ္ကိုယ္စာလွယ္မ်ားႏွင့္ KNPP ကိုယ္စားလွယ္မ်ား လစဥ္ပုံမွန္အစည္းအေဝး ဆက္၍ ျပဳလုပ္သြားရန္ လုပ္ငန္းလမ္းၫႊန္မ်ားေရးဆြဲ သေဘာတူညီႏိုင္ခဲ့ၿပီး ပညာေရး ၊ က်န္းမာေရး ၊ ေဒသဖြံ႕ၿဖိဳးေရး က႑မ်ားအား ေဆြးေႏြးခဲ့ၾကေၾကာင္း သိရသည္။
KNPP အေနျဖင့္ ၂၀၁၂ ခုႏွစ္မွစ၍ အပစ္အခတ္ရပ္စဲေရးိကုိ ျပည္ေထာင္စုအဆင့္သေဘာတူညီစာခ်ဳပ္ လက္မွတ္ေရးထုိးထားျခင္းျဖစ္သည္။
သတင္း၊ဓါတ္ပံု #ဆန္းၿဖိဳးထြန္း
~~~~~~~~⊰❂ Unicode Version ❂⊱~~~~~~~~
ကယားပြည်နယ်စိုးရနှင့် KNPP တို့ကြား (၇)လကြာရပ်ဆိုင်းနေသည့် ပြည်နယ်အဆင့် လစဉ်အစည်းအဝေး ပြန်လည်ကျင်းပတော့မည်
************
ကယားပြည်နယ်အစိုးရနှင့် KNPP တို့ကြား (၇)လကြာရပ်ဆိုင်းခဲ့သည့် ပြည်နယ်အဆင့် လစဉ်ပုံမှန် အစည်းအဝေးကို ပြန်လည်လုပ်ဆောင်သွားတော့မည်ဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင်၊ ကယားပြည်နယ်အစိုးရနှင့် KNPP တို့ ၂၀၁၉ ခုနှစ်၊ မေလ (၆)ရက်နေ့က လွိုင်ကော်မြို့ Famous hotel တွင် တွေ့ဆုံဆွေးနွေးပြီးနောက် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလမှစ၍ ရပ်ဆိုင်းထားခဲ့သည့် ပုံမှန်အစည်းအဝေးကို ပြန်လည်ကျင်းပရန် သဘောတူညီခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
" ဒီနေ့အဓိက ရခဲ့တဲ့သဘောတူညီချက်က အဲဒီလစဉ်ပုံမှန်အစည်းအဝေးနဲ့ပက်သက်တဲ့ သဘောတူညီချက်ပဲ။ လစဉ်ပုံမှန်အစည်းအဝေးကို ပြန်ပြီးတော့ကျင်းပမယ်။ ကျင်းပတဲ့အခါလည်း ပိုပြီးတော့ အစည်းအဝေးပုံစံကျအောင် အစည်းအဝေးနဲ့ပတ်သက်တဲ့ လုပ်ငန်းလမ်းညွှန်လေးကိုလည်း ရေဆွဲပြီးသဘောတူညီနိုင်ခဲ့တယ်။ အရင်က လစဉ်ပုံမှန်အစည်းဝေးရှိခဲ့တယ်။ သဘောတူညီချက်အရ တရားဝင်ပုံစံဖြစ်ရမယ်ပေါ့။ သို့သော် ဆွေးနွေးတဲ့ပုံစံတွေက တစ်ခါတစ်လေ အလွတ်သဘောပိုဆန်သွားတာတွေ ဖြစ်တယ်။ ဒါတွေကြောင့် အစည်း အဝေးပုံစံလေး ပိုကျသွားအောင် ဆွေးနွေးတယ်။ ဆွေးနွေးကူဖို့အတွက် NRPC ကိုပါ ပါဝင်ဖို့ပြောထားတယ်။ ဒါလေးတွေ အဓိကသဘောတူခဲ့တာပါ " ဟု KNPP (ကရင်နီအမျိုးသားတိုးတက်ရေးပါတီ)၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ ပြောရေးဆိုခွင့်ရှိသူ နဲ့နယ်ပလိုက ပြောသည်။
ယခုဆွေးနွေးပွဲမျာ ၂၀၁၈ ခုနှစ်၊ ဧပြီလအတွင်းက NRPC ၊ ပြည်နယ်အစိုးရနှင့် KNPP တို့ တွေ့ဆုံဆွေးနွေးမှုမှ သဘောတူညီခဲ့သည့် ကိစ္စရပ်များအား တစ်နှစ်ပြည့်၍ ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး အောက်ခြေတွင် နှစ်ဖက်အဖွဲ့များအနေဖြင့် ပိုမိုပူးပေါင်းဆောက်ရွက်ရန်သဘောတူညီမှုများ ရရှိခဲ့ပြီး KNPP နှင့်လည်းဆက်၍ တွေ့ဆုံသွားမည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးထံမှ သိရသည်။
" မကြာခင်မှာ KNPP နဲ့ ကျွန်တော်တို့ NRPC နဲ့တွေ့ပါမယ်။ ပြီးရင်တပ်မတော်နဲ့တွေ့ပါမယ်။ တွေ့ပြီးရင်နောက်တစ်ဆင့်ကတော့ ကျွန်တော်တို့ NCA ရေးထိုးရေးပါပဲ။ အဲဒီအပေါ်မှာ အကြမ်းဖျင်း NCA ထိုးဖို့ဘယ်လိုသွားမယ် ဆိုတာထိလည်း ကျေကျေလည်လည် ဆွေးနွေးနိုင်တယ်။ ကျွန်တော်တို့ အစိုးရဖက်ကတော့ မေလထဲမှာတွေ့ဖို့ အဆိုပြုတယ်။ သို့သော် KNPP ဖက်ကတော့ သူတို့ဗဟိုကော်မတီမှာ ပြန်ဆွေးနွေးရအုံးမှာဖြစ်လို့ ပြန်အကြောင်းကြားမယ်လို့ ပြောပါတယ် " ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။
NRPC ၊ ပြည်နယ်အစိုးရ နှင့် KNPP တို့၏ တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်နယ်အဆင့် အစိုးရ ၊တပ်မတော်ကိုယ်စာလှယ်များနှင့် KNPP ကိုယ်စားလှယ်များ လစဉ်ပုံမှန်အစည်းအဝေး ဆက်၍ ပြုလုပ်သွားရန် လုပ်ငန်းလမ်းညွှန်များရေးဆွဲ သဘောတူညီနိုင်ခဲ့ပြီး ပညာရေး ၊ ကျန်းမာရေး ၊ ဒေသဖွံ့ဖြိုးရေး ကဏ္ဍများအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
KNPP အနေဖြင့် ၂၀၁၂ ခုနှစ်မှစ၍ အပစ်အခတ်ရပ်စဲရေိးကို ပြည်ထောင်စုအဆင့်သဘောတူညီစာချုပ် လက်မှတ်ရေးထိုးထားခြင်းဖြစ်သည်။
သတင်း၊ဓါတ်ပုံ #ဆန်းဖြိုးထွန်း