ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့ရှိ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းသို့ ပို့ဆောင်ရောင်းချသည့် ရေသန့်ဗူးများအနက်မှ ရေသန့်(၂)ဗူးမှာ အနယ်အမှုန်များနှင့် အနံ့အသက်များ ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိရသည့် အတွက် စားသုံးသူရေးရာဦးစီးဌာနက အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA) သို့ ၂၀၁၉ခုနှစ် မေလ(၂၃)ရက်နေ့တွင် ဓါတ်ခွဲစစ်ဆေးရန် ပို့ဆောင်ထားကြောင်း သိရသည်။
FDA ၏ စစ်ဆေးမှု အဖြေထွက်လာပါက အဖြေပေါ်မူတည်၍ FDA ၏ ဥပဒေ အပြင် ၂၀၁၉ခုနှစ် မတ်လ(၁၅)ရက်နေ့က ပြဋ္ဌာန်းလိုက်သည့် စားသူကာကွယ်ရေးဥပဒေဖြင့်ပါ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
ကျိုင်းတုံမြို့ရှိ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် G3 သင်တန်းတက်ရောက်နေသည့် ဆရာ/မများအတွက် FDA ထောက်ခံချက်ရရှိထားသည့် ရေသန့်ဗူးကြီး (၂၅)ဗူးကို နေ့စဉ် မှာယူသုံးစွဲနေရာမှ ၂၀၁၉ခုနှစ် မေလ(၂၂)ရက်နေ့က မှာယူထားသည့် ရေသန့်ဗူးများထဲမှ (၂)ဗူးတွင် ယင်းသို့ ဖြစ်ပေါ်နေ၍ စစ်ဆေးရန် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
"ဗူးတွေကို FDA ပို့ပြီး စစ်ထားပါတယ်။ ကျိုင်းတုံ FDA ရုံးပဲ ရှိသေးတယ်။ သူကနေမှ အပေါ်သွားမှာပေါ့။ နပြေည်တော်ပို့ မလား၊ ရန်ကုန် ပို့မလား မသိသေးဘူး။ သူတို့ပညာရှင်လိုင်းဆိုတော့။ အနယ်ပါတာတွေ အနံ့နံတာတွေက မြင်ယုံနဲ့ ပြောလို့ မရသေးဘူး။ အဖြေမသိသေးတော့ ဘာမှလုပ်လို့မရသေးဘူးပေါ့။ သုံးစွဲရန် မသင့်တာလား။ ဘူးမသန့်လို့လားဆိုတာ ရှိသေးတာကိုး။ အဖြေထွက်လာရင် သူတို့(FDA)ဥပဒေအရ အရေးယူမယ်။ ကျွန်တော်တို့ စားသုံးသူဥပဒေက သက်သက်လာလိမ့်မယ်။ စစ်တာက အချိန်တော့ နည်းနည်းပေးရတယ်"ဟု စားသုံးသူရေးရာဦးစီးဌာနမှ ကျိုင်းတုံခရိုင်ဦးစီးမှူး ဦးသန်းစိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
FDA၏ စစ်ဆေးမှု အဖြေထွက်လာပါက အဖြေပေါ်မူတည်၍ FDA၏ ဥပဒေ အပြင် ၂၀၁၉ခုနှစ် မတ်လ(၁၅)ရက်နေ့က ပြဋ္ဌာန်းလိုက်သည့် စားသူကာကွယ်ရေးဥပဒဖြေင့်ပါ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
ကျိုင်းတုံမြို့ရှိ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် G3 သင်တန်းတက်ရောက်နေသည့် ဆရာ/မများအတွက် FDA ထောက်ခံချက်ရရှိထားသည့် ရေသန့်ဗူးကြီး (၂၅)ဗူးကို နေ့စဉ် မှာယူသုံးစွဲနေရာမှ ၂၀၁၉ခုနှစ် မေလ(၂၂)ရက်နေ့က မှာယူထားသည့် ရေသန့်ဗူးများထဲမှ (၂)ဗူးတွင် ယင်းသို့ ဖြစ်ပေါ်နေ၍ စစ်ဆေးရန် ဆောင်ရွက်နခြေင်းဖြစ်ကြောင်း သိရသည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - စားသုံးသူရေးရာ ကျိုင်းတုံ