စတုတ္ထတန်း၏ စာရိတ္တနှင့်ပြည်သူ့နီတိပြဋ္ဌာန်းစာအုပ်တွင် ပါရှိသည့် ၀ံသာနုစိတ်ဓါတ်ကဗျာအား သင်ကြာခြင်းမပြုရန် နှင့် ပယ်ဖျယ်ကြောင်း အခြေခံပညာဦးစီးဌာနက ၂၀၁၉ခုနှစ် မတ်လ(၇)ရက်နေ့ ရက်စွဲဖြင့် အသိပေး ညွှန်ကြားထားကြောင်း သိရသည်။
အဆိုပါ အသိပေးညွှန်ကြားစာနှင့် ပတ်သက်၍ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ တိုင်းဒေသကြီးနှင့်ပြည်နယ်ပညာရေးမှူးများအနေဖြင့် ခရိုင်/မြို့နယ်ကျောင်းများသို့ အဆင့်ဆင့်ညွှန်ကြားရန် အသိပေးထားခြင်း ဖြစ်ကြောင်း သိရှိရသည်။
Tachileik News Agency
စတုတ္ထတန်း၏ စာရိတ္တနှင့်ပြည်သူ့နီတိပြဋ္ဌာန်းစာအုပ်(သင်ရိုးဟောင်း) (၂၀၁၅-၂၀၁၆)၏ စာမျက်နှာ(၁၂)တွင် ပါရှိသည့် ❝ သားသမီးဝတ် ငါးပါးမှာ တစ်ပါးဝင်အပါ၊ အမျိုးဂုဏ်သာစောင့်ပါမှ အမျိုးချစ်မည်ပ၊ မြေမျိုသည်က မထောင်းတာ လူမျိုးမပျောက်ပါ။ လူမျိုရင်သာ လူမျိုးပျောက် အားလုံးဒုက္ခရောက်၊ လူမျိုးပျောက်မှာ စိုးကြောက်ပါ ကျွန်ဖြစ်နွံနစ်မှာ၊ သွေးနှောတာ ငါတို့မုန်း လူမျိုးအညွှန့်တုံး❞ ဝံသာနုစိတ်ဓာတ် ကဗျာအား သင်ကြားခြင်းမပြုရန် နှင့် ပယ်ဖျက်လိုက်ကြောင်းကို အသိပေးလိုက်ခြင်းဖြစ်သည်။
အဆိုပါ အသိပေးညွှန်ကြားစာနှင့် ပတ်သက်၍ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ တိုင်းဒေသကြီးနှင့်ပြည်နယ်ပညာရေးမှူးများအနဖြေင့် ခရိုင်/မြို့နယ်ကျောင်းများသို့ အဆင့်ဆင့်ညွှန်ကြားရန် အသိပေးထားခြင်း ဖြစ်ကြောင်း သိရှိရသည်။
Tachileik News Agency