ကယားပြည်နယ် လွိုင်ကော်မြို့တွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထားရှိခြင်းနှင့် ပတ်သက်၍ ဖျက်သိမ်းပေးရန် အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့တွင် သပိတ်စခန်းဖွင့်၍ တောင်းဆို နေကြသည့် ကရင်နီလူငယ်အင်အားစု သပိတ်စခန်းအား ဖေဖော်ဝါရီလ(၈)ရက်နေ့ နံနက်ပိုင်းတွင် ရဲတပ်ဖွဲ့က ဒုတိယအကြိမ် ဖြိုခွဲလိုက်ပြီးနောက် သပိတ်မှောက်ဦးဆောင်သူ (၁၀)ဦးကို ဖမ်းဆီးလိုက်ပြီး (၇)ဦးကို ငြိမ်းစုစီဥပဒေဖြင့် အရေးယူလိုက်ကြောင်း သိရသည်။
လွိုင်ကော်မြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့တွင် ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ(၃)ရက်နေ့က စ၍ ကရင်နီလူငယ်အင်အားစု သပိတ်စခန်းကို ဖွင့်လှစ်ကာ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ တောင်းဆို ခဲ့ကြရာတွင် ဥပဒေနှင့်အညီ သပိတ်စခန်းဖွင့်ဆန္ဒပြရန် တင်ပြထားမှုမရှိသည့် အတွက် ဖေဖော်ဝါရီလ(၇)ရက်နေ့ ညနေပိုင်းက ရဲတပ်ဖွဲ့မှ သပိတ်စခန်းအား ပထမအကြိမ်ဖြိုခွဲခဲ့ပြီးနောက် လူငယ်(၃၆)ဦးအား ဖမ်းဆီးကာ ငြိမ်းစုစီဥပဒေဖြင့် တရားစွဲဆိုထားသော်လည်း ဖေဖော်ဝါရီလ(၇)ရက်နေ့ညက သပိတ်စခန်းအား ထပ်မံဖွင့်ကာ သပိတ်မှောက်နေခြင်းကြောင့် ရဲတပ်ဖွဲ့မှ ဖေဖော်ဝါရီလ(၈)ရက်နေ့ နံနက်ပိုင်းတွင် သပိတ်စခန်းအား ဒုတိယအကြိမ် ထပ်မံဖြိုခွဲပြီး ဦးဆောင်သူ (၁၀)ဦးကို ဖမ်းဆီးလိုက်ခြင်း ဖြစ်ကြောင်း နှင့် (၁၀)ဦးထဲတွင် (၃)ဦးအား လွှတ်ပေးလိုက်ပြီး (၇)ဦးကို အရေးယူထားကြောင်း သိရသည်။သိရသည်။
သပိတ်စခန်းဖွင့်ကာ ဆန္ဒပြသူများအနေဖြင့် ဥပဒေနှင့်အညီ သပိတ်စခန်းဖွင့်ကာ ဆန္ဒပြရန်အတွက် တင်ပြရန် လိုအပ်ကြောင်း လွိုင်ကော်ခရိုင်အုပ်ချုပ်ရေးမှူးက သပိတ်စခန်းမှ လူငယ်များအား ပြောဆိုခဲ့ပြီးယနေ့ ဖမ်းဆီးလိုက်သည့် လူငယ် (၁၀)ဦးထဲမှ (၇)ဦးကို ငြိမ်းစုစီဥပဒေဖြင့် အရေးယူထားခြင်း ဖြစ်သည်။
ဗိုလ်ချုပ်ကြေးရုပ်ထားရှိခြင်းအား ကန့်ကွက်ဆန္ဒပြနေကြသည့် လူငယ်များအနေဖြင့် အများပြည်သူနှင့် သက်ဆိုင်သော နေရာတွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုအား ဖျက်သိမ်းပေးရန် သို့မဟုတ် အပြီးတိုင်ရွေ့ပြောင်းပေးရန် အများပြည်သူ၏ သဘောထားဆန္ဒအား မဲစနစ်ဖြင့် ရယူပေးရန် စသည့် တောင်းဆိုချက်များ တောင်းဆိုထားပြီး ၎င်းအချက်များ မရရှိမချင်း သပိတ်အားရပ်နားသွားမည် မဟုတ်ကြောင်းပြောဆိုထားကြပြီး လက်ရှိတွင် သပိတ်စခန်းပြုလုပ်ထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့တွင် သံဆူးကြိုးအကာအရံများချ၍ တားမြစ်ထားကြောင်းသိရသည်။
လွိုင်ကော်မြို့ ကန္ဓာဟေဝန်ပန်းခြံတွင် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၂) ရက်နေ့က စိုက်ထူလိုက်သည့် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်အား ကန့်ကွက်သပိတ်မှောက်ခဲ့သောကြောင့် ကရင်နီလူငယ် (၂၀)ဦးအား ငြိမ်းစုစီပုဒ်မဖြင့် တရားစွဲဆိုခံထားရကြောင်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့တွင် သပိတ်စခန်းဖွင့်၍ ကန့်ကွက်ခဲ့ကြသော ကရင်နီလူငယ်((များထဲက ဖမ်းဆီးခံရသူများအား ငြိမ်းစုစီဥပဒေဖြင့် ဆက်လက် အရေးယူထားကြောင်း သိရှိရသည်။
သတင်း- ဆန်းဖြိုးထွန်း
ကယားပြည်နယ် လွိုင်ကော်မြို့တွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထားရှိခြင်းနှင့် ပတ်သက်၍ ဖျက်သိမ်းပေးရန် အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့တွင် သပိတ်စခန်းဖွင့်၍ တောင်းဆို နကြေသည့် ကရင်နီလူငယ်အင်အားစု သပိတ်စခန်းအား ဖေဖော်ဝါရီလ(၈)ရက်နေ့ နံနက်ပိုင်းတွင် ရဲတပ်ဖွဲ့က ဒုတိယအကြိမ် ဖြိုခွဲလိုက်ပြီးနောက် သပိတ်မှောက်ဦးဆောင်သူ (၁၀)ဦးကို ဖမ်းဆီးလိုက်ပြီး (၇)ဦးကို ငြိမ်းစုစီဥပဒဖြေင့် အရေးယူလိုက်ကြောင်း သိရသည်။
လွိုင်ကော်မြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့တွင် ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ(၃)ရက်နေ့က စ၍ ကရင်နီလူငယ်အင်အားစု သပိတ်စခန်းကို ဖွင့်လှစ်ကာ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ တောင်းဆို ခဲ့ကြရာတွင် ဥပဒေနှင့်အညီ သပိတ်စခန်းဖွင့်ဆန္ဒပြရန် တင်ပြထားမှုမရှိသည့် အတွက် ဖေဖော်ဝါရီလ(၇)ရက်နေ့ ညနေပိုင်းက ရဲတပ်ဖွဲ့မှ သပိတ်စခန်းအား ပထမအကြိမ်ဖြိုခွဲခဲ့ပြီးနောက် လူငယ်(၃၆)ဦးအား ဖမ်းဆီးကာ ငြိမ်းစုစီဥပဒဖြေင့် တရားစွဲဆိုထားသော်လည်း ဖေဖော်ဝါရီလ(၇)ရက်နေ့ညက သပိတ်စခန်းအား ထပ်မံဖွင့်ကာ သပိတ်မှောက်နခြေင်းကြောင့် ရဲတပ်ဖွဲ့မှ ဖေဖော်ဝါရီလ(၈)ရက်နေ့ နံနက်ပိုင်းတွင် သပိတ်စခန်းအား ဒုတိယအကြိမ် ထပ်မံဖြိုခွဲပြီး ဦးဆောင်သူ (၁၀)ဦးကို ဖမ်းဆီးလိုက်ခြင်း ဖြစ်ကြောင်း နှင့် (၁၀)ဦးထဲတွင် (၃)ဦးအား လွှတ်ပေးလိုက်ပြီး (၇)ဦးကို အရေးယူထားကြောင်း သိရသည်။သိရသည်။
သပိတ်စခန်းဖွင့်ကာ ဆန္ဒပြသူများအနဖြေင့် ဥပဒေနှင့်အညီ သပိတ်စခန်းဖွင့်ကာ ဆန္ဒပြရန်အတွက် တင်ပြရန် လိုအပ်ကြောင်း လွိုင်ကော်ခရိုင်အုပ်ချုပ်ရေးမှူးက သပိတ်စခန်းမှ လူငယ်များအား ပြောဆိုခဲ့ပြီးယနေ့ ဖမ်းဆီးလိုက်သည့် လူငယ် (၁၀)ဦးထဲမှ (၇)ဦးကို ငြိမ်းစုစီဥပဒဖြေင့် အရေးယူထားခြင်း ဖြစ်သည်။
ဗိုလ်ချုပ်ကြေးရုပ်ထားရှိခြင်းအား ကန့်ကွက်ဆန္ဒပြနကြေသည့် လူငယ်များအနဖြေင့် အများပြည်သူနှင့် သက်ဆိုင်သော နေရာတွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုအား ဖျက်သိမ်းပေးရန် သို့မဟုတ် အပြီးတိုင်ရွေ့ပြောင်းပေးရန် အများပြည်သူ၏ သဘောထားဆန္ဒအား မဲစနစ်ဖြင့် ရယူပေးရန် စသည့် တောင်းဆိုချက်များ တောင်းဆိုထားပြီး၎င်းအချက်များ မရရှိမချင်း သပိတ်အားရပ်နားသွားမည် မဟုတ်ကြောင်းပြောဆိုထားကြပြီး လက်ရှိတွင် သပိတ်စခန်းပြုလုပ်ထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့တွင် သံဆူးကြိုးအကာအရံများချ၍ တားမြစ်ထားကြောင်းသိရသည်။
လွိုင်ကော်မြို့ ကန္ဓာဟေဝန်ပန်းခြံတွင် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၂) ရက်နေ့က စိုက်ထူလိုက်သည့် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်အား ကန့်ကွက်သပိတ်မှောက်ခဲ့သောကြောင့် ကရင်နီလူငယ် (၂၀)ဦးအား ငြိမ်းစုစီပုဒ်မဖြင့် တရားစွဲဆိုခံထားရကြောင်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့တွင် သပိတ်စခန်းဖွင့်၍ ကန့်ကွက်ခဲ့ကြသော ကရင်နီလူငယ်((များထဲက ဖမ်းဆီးခံရသူများအား ငြိမ်းစုစီဥပဒဖြေင့် ဆက်လက် အရေးယူထားကြောင်း သိရှိရသည်။
သတင်း/ဓာတ်ပုံ - ဆန်းဖြိုးထွန်း
ဓာတ်ပုံ - ဆန်းဖြိုးထွန်း၊ Bo Bo