ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့နယ်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် (၁,၀၀၀)ကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁၉) ရက်နေ့က စမတ်ကဒ်ဖြင့် ပေးအပ်လိုက်သည့် အခမ်းအနားတွင် ပါတီဝင်လျှောက်လွှာသစ် (၁၀၀) ကျော်ကို ထပ်မံလက်ခံရရှိကြောင်း သိရသည်။
သတင်း - ဟန်စိုးထိုက်
"ခန့်မှန်းခြေ (၁၂၀) ကျော်ရှိတယ်။ အတိအကျက မသိဘူး။ မသိဘူးဆိုတာ လျှောက်လွှာအသစ်တွေကို တာချီလိတ်ကိုပဲ တင်တင်ပေးရတာ။ အတိအကျက သူတို့မှပဲ သိမှာ”ဟု ကျိုင်းလပ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ဥက္ကဌ ဦးခင်မောင်ဇော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
၂၀၁၂ ခုနှစ်မှ စတင်ကာ ကျိုင်းလပ်မြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရပ်ကျေးရုံး ( ၃) ခု ဖွင့်လှစ်ခဲ့ပြီး ပါတီဝင်များ လက်ခံခဲ့ရာ ၂၀၁၃ ခုနှစ်တွင် ရပ်ကျေးရုံး (၅) ခုအထိရှိလာကာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ( ၁၉) ရက်နေ့တွင် ထပ်မံ၍ ရုံးတစ်ရုံး ဖွင့်လှစ်နိုင်ခဲ့ပြီး ရပ်ကျေးရုံး (၈)ရုံးထိ တိုးတက်လာခဲ့ကြောင်း သိရသည်။
“လက်ရှိပါတီဝင်ကဒ်ပေးတာတော့( ၁,ဝဝဝ ) ပေါ့။ ဟိုးအရင်လည်း ကျွန်တော်တို့ ဒီ စမတ်ကဒ် မဟုတ်ခင် ကတည်းက ကျွန်တော်တို့ ဒီယာယီကဒ်လေးတွေကတည်းက ပါတီဝင်( ၁,ဝဝဝ ) ကျော်လောက် ရှိပါတယ်။ အဲဒီကဒ် တွေက မသုံးတော့ဘူးဗျ။ ကျွန်တော်တို့ စမတ်ကဒ် ထုတ်ပေးတဲ့ အချိန်ကျတော့။ ကျွန်တော်တို့ လက်ရှိပြန်လျှောက်တဲ့ အခါကျတော့ ပါတီဝင်ကတ်( ၁,ဝဝဝ ) ပေါ့”ဟု ဦးခင်မောင်ဇော်က ပြောသည်။
ကျိုင်းလပ်မြို့သည် စတုရန်းမိုင်( ၃၁၉ )ဒသမ (၁၂၅) ကျယ်ဝန်းပြီး တိုင်းရင်းသားမျိုးနွယ်စု(၁၁)စုရှိသည့်အနက် ရှမ်း၊ အာခါ နှင့် လားဟူတိုင်းရင်းသားများ အများဆုံးနေထိုင်သည့် မြန်မာ-လာအို နယ်စပ်မြို့တစ်ခုဖြစ်ကြောင်း သိရသည်။
သတင်း - ဟန်စိုးထိုက်