ကယားျပည္နယ္၊ ေဘာလခဲၿမိဳ႕နယ္အတြင္း ေဘာလခဲ - ဖားေဆာင္းသို႔ သြားသည့္ ကားလမ္းေဘးရွိ စစ္ဗ်ဴဟာတပ္ရင္း အနီးတြင္ တရားမ၀င္သစ္မ်ား တင္ေဆာင္လာသည့္ ေမာ္ေတာ္ယာဥ္(၃)စီးအား ၂၀၁၈ခုႏွစ္ ဒီဇင္ဘာလ(၄)ရက္ေန႔ ညေနက ဖမ္းဆီးရမိေၾကာင္း သိရသည္။
"ဖမ္းမိတာ ဟုတ္ပါတယ္။ ၿပီးခဲ့တဲ့ ဆြိဒီဇင္ဘာတုန္းက မယ္စဲ့ဖက္ကေနသတင္း တစ္ခုရတယ္တဲ့ အဲ့ကတည္းက ေစာင့္ေနတာေပါ့ ။ ဒီေလးရက္ေန႔ ညေနမွ ဒီဗ်ဴဟာနားမွာ ရစ္သီရစ္သီ လုပ္တာေတြ႔လို႔ သြားစစ္ၿပီးမိတယ္ တိုင္တဲ့သူလည္း ႐ွိတယ္။ မယ္စဲ့ကေန ဘားတုံးကားေတြ လာေနတယ္ဆိုတာ ဒီ (၄)ရက္ေန႔ ညေနမွပဲ သြားဖမ္း လိုက္တယ္၊ စစ္တပ္ကပဲ ဦးေဆာင္ၿပီးဖမ္းလိုက္တယ္၊ ကြၽန္ေတာ္လည္း ဒီေလာက္ပဲသိထားေသးတယ္" ဟု ကယားျပည္နယ္ သဘာဝသယံဇာတႏွင့္ သတၱဳတြင္းဝန္ႀကီး ဦးတီရယ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
ေမာ္ေတာ္ယာဥ္(၃)စီးျဖင့္ တင္ေဆာင္လာၿပီး စုစုေပါင္း အေလးခ်ိန္ (၁၂.၁၅၁၄)တန္ရွိသည့္ တရားမဝင္ပိေတာက္ခြဲသား (၄,၈၅၆)ေခ်ာင္းအား ေဘာလခဲခရိုင္/သစ္ေတာဦးစီးဌာနမွ သစ္ေတာဝန္ထမ္းမ်ား ႏွင့္ စစ္ဗ်ဴဟာတပ္ရင္းမွ တာဝန္႐ွိသူမ်ား ပူးေပါင္းအဖြဲ႔မွ သိမ္းဆည္းရမိၿပီး ယာဥ္ေမာင္းႏွင့္ယာဥ္ေပၚပါသူ တို႔အား ဖမ္းဆီးအေရးယူထားေၾကာင္း သိရသည္။
သတင္း - ဆန္းၿဖဳိးထြန္း
ဓါတ္ပံု - သစ္ေတာဦးစီးဌာန
"ဖမ်းမိတာ ဟုတ်ပါတယ်။ ပြီးခဲ့တဲ့ ဆွိဒီဇင်ဘာတုန်းက မယ်စဲ့ဖက်ကနေသတင်း တစ်ခုရတယ်တဲ့ အဲ့ကတည်းက စောင့်နေတာပေါ့။ ဒီလေးရက်နေ့ ညနေမှ ဒီဗျူဟာနားမှာ ရစ်သီရစ်သီ လုပ်တာတွေ့လို့ သွားစစ်ပြီးမိတယ် တိုင်တဲ့သူလည်း ရှိတယ်။ မယ်စဲ့ကနေ ဘားတုံးကားတွေ လာနေတယ်ဆိုတာ ဒီ (၄)ရက်နေ့ ညနေမှပဲ သွားဖမ်း လိုက်တယ်၊ စစ်တပ်ကပဲ ဦးဆောင်ပြီးဖမ်းလိုက်တယ်၊ ကျွန်တော်လည်း ဒီလောက်ပဲသိထားသေးတယ်" ဟု ကယားပြည်နယ် သဘာဝသယံဇာတနှင့် သတ္တုတွင်းဝန်ကြီး ဦးတီရယ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မော်တော်ယာဉ်(၃)စီးဖြင့် တင်ဆောင်လာပြီး စုစုပေါင်း အလေးချိန် (၁၂.၁၅၁၄)တန်ရှိသည့် တရားမဝင်ပိတောက်ခွဲသား (၄,၈၅၆)ချောင်းအား ဘောလခဲခရိုင်/သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ နှင့် စစ်ဗျူဟာတပ်ရင်းမှ တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့မှ သိမ်းဆည်းရမိပြီး ယာဉ်မောင်းနှင့်ယာဉ်ပေါ်ပါသူ တို့အား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
သတင်း - ဆန်းဖြိုးထွန်း
ဓာတ်ပုံ - သစ်တောဦးစီးဌာန