ကယားပြည်နယ်၊ လွိုင်ကော်မြို့အတွင်း မေလ (၂၁)ရက်နေ့ည (၇)နာရီခွဲ အချိန်ဝန်းကျင်ကစ၍ ဗုံးပေါက်ကွဲသံများ ဆက်တိုက်ကြားနေရကြောင်း သိရသည်။
တစ်လုံးပြီး တစ်လုံး ဆက်တိုက်ကွဲနေတာဗျ။ မြို့အနှံ့ပဲ အသံတွေကြားနေတယ်။ ဘယ်မှာ ကွဲလည်းဆိုတာ အတိကျ မသိဘူး ။ ဘယ်သူမှလည်း ထွက်မကြည့်ရဲကြဘူး ။ မြို့အနှံ့ပဲ ကြားနေရတယ် ။ (၅)လုံးလောက်ဖြစ်မယ်
ဟု လွိုင်ကော်မြို့ ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိချိန်တွင် လွိုင်ကော်မြို့အတွင်း ဗုံးပေါက်ကွဲသည်ဟု ယူဆရသည့် ပေါက်ကွဲသံများမှာ ရပ်ကွက် နေရာအနှံ့တွင် ကြားနေရပြီး ဒေသခံများ ပြောပြချက်အရ ရပ်ကွက်ရုံးနေရာများနှင့် လွိုင်ကော်ခရိုင်ရဲရုံး အနီးတွင် ပေါက်ကွဲ မှုများ ဖြစ်နေကြောင်း သိရပြီး အတိကျကိုတော့အတည်ပြု နိုင်ခြင်းမရှိပေါ။
ခုနက တစ်လုံးကွဲတာက ကျွန်တော့်အိမ်ဘေးနားပဲ ကျောက်ခဲတွေတောင် အိမ်ဖက် လွှင့်လာတယ်။ အပြင်ထိတေ့ာထွက်မကြည့်ရဲဘူး နားတွေပါအူတယ်။ ခုပြောနေရင်း နောက်တစ်လုံး ထပ်ကွဲပါတယ်။ ကွဲတဲ့ အသံတွေ ဆက်တိုက်ကြားရေပေမယ့် ဘယ်နားတွေဆိုတာ ဘယ်သူမှ မထွက်ကြည့်ရဲကြဘူး။ ခု ကိုယ့်အိမ်မှာ ကိုယ် ကင်းစောင့်နေရတယ်
ဟု ထေးသမရပ်ကွက်မှ ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိချိန်ထိ လွိုင်ကော်မြို့ အနှံ့တွင် ပေါက်ကွဲသံများ ကြားနေရသေးပြီး WIFi အင်တာနတ်လိုင်း အချို့လည်း ပြက်တောက်နေသလို မြို့တွင်းမှာလည်း စစ်ကားများ သွားလာနေကြောင်း သိရသည်။