တရားမဝင္သစ္သယ္ေဆာင္လာသည့္ ေျခာက္ဘီးယာဥ္(၂)စီးကို ရွမ္းျပည္နယ္(ေျမာက္ပိုင္း) သီေပါၿမိဳ႕နယ္၊ ေဘာ္ႀကိဳေက်းရြာအနီး ျပည္ေထာင္စုလမ္းမႀကီးေဘး စားေသာက္ဆိုင္ေရွ႕တြင္ ရပ္ထားစဥ္ သယ္ေဆာင္လာသူ (၄)ဦးႏွင့္အတူ ဖမ္းဆီးရမိလိုက္ေၾကာင္း သိရသည္။
ရဲတပ္ဖြဲ႔ႏွင့္ သစ္ေတာဌာနတုိ႔ ပါဝင္သည့္ ပူးေပါင္းအဖြဲ႕က ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ(၂၆)ရက္ေန႔ ည (၁၁)နာရီဝန္းက်င္တြင္ ပံုမွန္ လွည့္ကင္းေဆာင္ရြက္ရာမွ ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။
"ရဲတပ္ဖြဲ႔နဲ႔ သစ္ေတာဌာန ပါဝင္တ့ဲ ပံုမွန္ျပဳလုပ္ေနတ့ဲ လွည့္ကင္းအဖြဲ႔က ေတြ႕ရွိ ဖမ္းဆီးခ့ဲတာပါ သစ္တင္ယာဥ္ ႏွစ္စီးေပၚမွာ ပါတ့ဲ အမိ်ဳးသား ၄ ဦးကို သီေပါၿမိဳ႕မရဲစခန္းမွာ အမႈဖြင့္ အေရးယူ ထားပါတယ္"ဟု သီေပါၿမိဳ႕နယ္သစ္ေတာဦးစီးဌာနမွ မႏြဲ႔ႏြဲ႔ဝင္း က တာခ်ီလိတ္ သတင္းေအဂ်င္စီသို႔ ေျပာသည္။
အဆိုပါ ေမာ္ေတာ္ယာဥ္(၂)စီးတြင္ ပိေတာက္ဓါးေရြတံုး စုစုေပါင္း ကုဗတန္ (၄.၃၁၆) တန္ကို စစ္ေဆး ေတြ႔ရိွရေၾကာင္း သိရသည္။
သစ္သယ္လာသည့္ ေမာ္ေတာ္ယာဥ္(၂)စီး၏ ယာဥ္ေမာင္းနွင့္ ယာဥ္ေနာက္လုိက္ (၄)ဦးကို သီေပါၿမိဳ႕မ ရဲစခန္းတြင္ (ပ)၁၁၅/၁၁၆/ ၂၀၁၈ ပုဒ္မ ၆(၁)ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။
သတင္း - ေနၿဖိဳးျမင့္
ဓါတ္ပံု - ရဲတပ္ဖြဲ႔
ရဲတပ်ဖွဲ့နှင့် သစ်တောဌာနတို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၂၆)ရက်နေ့ ည (၁၁)နာရီဝန်းကျင်တွင် ပုံမှန် လှည့်ကင်းဆောင်ရွက်ရာမှ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။
"ရဲတပ်ဖွဲ့နဲ့ သစ်တောဌာန ပါဝင်တဲ့ ပုံမှန်ပြုလုပ်နေတဲ့ လှည့်ကင်းအဖွဲ့က တွေ့ရှိ ဖမ်းဆီးခဲ့တာပါ သစ်တင်ယာဉ် နှစ်စီးပေါ်မှာ ပါတဲ့ အမျိုးသား ၄ ဦးကို သီပေါမြို့မရဲစခန်းမှာ အမှုဖွင့် အရေးယူ ထားပါတယ်"ဟု သီပေါမြို့နယ်သစ်တောဦးစီးဌာနမှ မနွဲ့နွဲ့ဝင်း က တာချီလိတ် သတင်းအေဂျင်စီသို့ ပြောသည်။
အဆိုပါ မော်တော်ယာဉ်(၂)စီးတွင် ပိတောက်ဓားရွေတုံး စုစုပေါင်း ကုဗတန် (၄.၃၁၆) တန်ကို စစ်ဆေး တွေ့ရှိရကြောင်း သိရသည်။
သစ်သယ်လာသည့် မော်တော်ယာဉ်(၂)စီး၏ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် (၄)ဦးကို သီပေါမြို့မ ရဲစခန်းတွင် (ပ)၁၁၅/၁၁၆/ ၂၀၁၈ ပုဒ်မ ၆(၁)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - ရဲတပ်ဖွဲ့