ထိုင္းႏုိင္ငံတြင္ အလုပ္ လုပ္ကိုင္ေနသည့္ ျမန္မာေရႊ႕ေျပာင္းအလုပ္သမား (၁၀၉)ဦးသည္ ျမန္မာ - ထုိင္း နယ္စပ္ၿမိဳ႕မ်ားျဖစ္သည့္ ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕၊ ကရင္ျပည္နယ္ ျမဝတီၿမိဳ႕ႏွင့္ ဘုရားသံုးဆူေဒသမ်ားမွ တစ္ဆင့္ ႏိုဝင္ဘာလ (၂၇)ရက္ေန႔တြင္ ေရာက္ရိွလာေၾကာင္း သိရသည္။
ျမန္မာေရႊ႕ေျပာင္းလုပ္သား အမ်ိဳးသား (၂)ဦးႏွင့္ အမ်ိဳးသမီး (၂)ဦး စုစုေပါင္း (၄)ဦးတုိ႔သည္ ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ နယ္စပ္ ခ်စ္ၾကည္ေရးအမွတ္(၂)တံတား မွ လည္းေကာင္း၊ အမ်ိဳးသား (၆၂)ဦးႏွင့္ အမ်ိဳးသမီး (၁၃)ဦး စုစုေပါင္း (၇၅)ဦးတို႔သည္ ကရင္ျပည္နယ္ ျမဝတီၿမိဳ႕ခ်စ္ၾကည္ေရး အမွတ္ (၁) တံတားမွ လည္းေကာင္း၊ အမ်ိဳးသား (၁၇)ဦးႏွင့္ အမ်ိဳးသမီး (၁၃)ဦး စုစုေပါင္း (၃၀)ဦးသည္ ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္၊ ဘုရားသုံးဆူၿမိဳ႕ (ေဒသအေခၚ) သြပ္ျပားေပါက္မွ လည္းေကာင္း ျပန္လည္ေရာက္ရိွ လာၾကျခင္းျဖစ္ေၾကာင္း သိရသည္။
ျပန္လည္ေရာက္ရိွလာေသာ အဆိုပါေရႊ႕ေျပာင္းလုပ္သားမ်ားတြင္ ႏိုင္ငံသားမဟုတ္သူမ်ား၊ ဥပေဒႏွင့္ ၿငိစြန္းသူမ်ား၊ ဥပေဒႏွင့္မညီသည့္ ပစၥည္းမ်ား ပါလာျခင္း မရိွေစေရးအတြက္ သက္ဆုိင္ရာေဒသမ်ားမွ အုပ္ခ်ဳပ္ေရး အဖြဲ႕မ်ား၊ လဝက၊ နယ္ေျမခံ ရဲတပ္ဖြဲ႕၊ မႈခင္းရဲတပ္ဖြဲ႕၊ သတင္းရဲတပ္ဖြဲ႕၊ လူကုန္ကူးမႈတားဆီး ႏွိမ္နင္းေရးရဲတပ္ဖြဲ႕ႏွင့္ နယ္ျခားေစာင့္တပ္ဖြဲ႕တို႔ပါဝင္သည့္ ပူးေပါင္းအဖြဲ႕မ်ားက စိစစ္ ေဆာင္ရြက္ၿပီးေနာက္ ေငြေၾကးတစ္စံုတစ္ရာ ေကာက္ခံျခင္းမရိွဘဲ အစားအစာ၊ ေရႏွင့္ လိုအပ္သည့္ ကူညီေထာက္ပံ့မႈမ်ား ေဆာင္ရြက္ေပးခဲ့ေၾကာင္း သိရသည္။
သတင္း - အင္မိုင္ခ
မြန်မာရွှေ့ပြောင်းလုပ်သား အမျိုးသား (၂)ဦးနှင့် အမျိုးသမီး (၂)ဦး စုစုပေါင်း (၄)ဦးတို့သည် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ နယ်စပ် ချစ်ကြည်ရေးအမှတ်(၂)တံတား မှ လည်းကောင်း၊ အမျိုးသား (၆၂)ဦးနှင့် အမျိုးသမီး (၁၃)ဦး စုစုပေါင်း (၇၅)ဦးတို့သည် ကရင်ပြည်နယ် မြဝတီမြို့ချစ်ကြည်ရေး အမှတ် (၁) တံတားမှ လည်းကောင်း၊ အမျိုးသား (၁၇)ဦးနှင့် အမျိုးသမီး (၁၃)ဦး စုစုပေါင်း (၃၀)ဦးသည် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့ (ဒေသအခေါ်) သွပ်ပြားပေါက်မှ လည်းကောင်း ပြန်လည်ရောက်ရှိ လာကြခြင်းဖြစ်ကြောင်း သိရသည်။
ပြန်လည်ရောက်ရှိလာသော အဆိုပါရွှေ့ပြောင်းလုပ်သားများတွင် နိုင်ငံသားမဟုတ်သူများ၊ ဥပဒေနှင့် ငြိစွန်းသူများ၊ ဥပဒေနှင့်မညီသည့် ပစ္စည်းများ ပါလာခြင်း မရှိစေရေးအတွက် သက်ဆိုင်ရာဒေသများမှ အုပ်ချုပ်ရေး အဖွဲ့များ၊ လဝက၊ နယ်မြေခံ ရဲတပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့၊ သတင်းရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် နယ်ခြားစောင့်တပ်ဖွဲ့တို့ပါဝင်သည့် ပူးပေါင်းအဖွဲ့များက စိစစ် ဆောင်ရွက်ပြီးနောက် ငွေကြေးတစ်စုံတစ်ရာ ကောက်ခံခြင်းမရှိဘဲ အစားအစာ၊ ရေနှင့် လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်း - အင်မိုင်ခ
