"ဒီေန႔ (၂) နာရီ (၄၀) မိနစ္မွာဦးေက်ာ္မင္းနဲ႔ ဦးဝင္းေဌး၊ (၄) နာရီ (၄၅) မိနစ္မွာ ဦးေက်ာ္စိုး၊ (၅) နာရီ (၃၀) မိနစ္မွာ ဦးေက်ာ္ျမင့္တို႔ရဲ႕ ႐ုပ္အ ေလာင္းေတြကို ထပ္မံဆယ္ယူ ႏိုင္ခဲ့ပါတယ္။ တြင္းထဲမွာ ႏွစ္ဦး က်န္ရိွေနပါေသးတယ္"ဟု မေကြးတိုင္းမီးသတ္ဦးစီးမွဴး ဦးေအာင္ဝင္းစိန္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
မေကြးတိုင္းေဒသႀကီး မင္းဘူးၿမိဳ႕နယ္ ေရႊစက္ေတာ္အနီး ငဖဲ - ေရႊစက္ေတာ္လမ္းေဘး (၃)မိုင္ခန္႔အကြာရိွ ဟန္ထက္(၁) ကုမၸဏီပိုင္ ေက်ာက္မီးေသြးတြင္း၌ ႏိုဝင္ဘာ(၂၇)ရက္ မြန္းလဲြ(၂) နာရီခဲြ အခ်ိန္ခန္႔တြင္ က်င္းအ တြင္းသို႔ ေအာက္ဆီဂ်င္ရရိွေစ ရန္ ေလမႈတ္သြင္းသည္႔ ပိုက္ပြင္႔ထြက္၍ တြင္းအေပၚနံရံႏွင္႔ ေဘးအကာနံရံမ်ား ၿပိဳက်ကာ လူ(၁၆)ဦးခန္႔ ပိတ္မိခဲ႔သည့္အနက္ အသက္ရွင္လ်က္(၈) ဦးထြက္လာႏုိင္ၿပီး ကယ္ဆယ္ေရးအဖြဲ႕က ေသဆံုး (၂)ဦးကို ႏိုဝင္ဘာလ (၂၇)ရက္ေန႔တြင္ ဆယ္ယူထားႏုိင္ခဲ့ျခင္းျဖစ္သည္။
ထိခိုက္ဒဏ္ရာရသည့္ တ႐ုတ္ႏိုင္ငံသား ႏွစ္ဦးႏွင့္ ျမန္မာလုပ္သားႏွစ္ဦးတို႔ ငဖဲေဆးရံုတြင္ ကုသမႈခံယူေနရ ေသာ္လည္း စိုးရိမ္ရသည့္အေျခအေနမရိွေၾကာင္း သိရသည္။
သတင္း #ဖီးနစ္
*************
မကွေးတိုင်းအတွင်းရှိ ကျောက်မီးသွေးလုပ်ငန်းခွင်များတွင် ထိခိုက်မှုအများဆုံးဖြစ်သည့် မင်းဘူးမြို့နယ် ရွှေစက်တော်အနီးမှ ကျောက်မီးသွေးတွင်းပြိုကျမှုမှ ပိတ်မိနေသူ (၆)ဦးအနက် (၄)ဦး၏ရုပ်အလောင်းများကို နိုဝင်ဘာလ (၂၈)ရက်နေ့တွင် ထပ်မံဆယ်ယူထားကြောင်း မကွေးတိုင်း မီးသတ်ဦးစီးဌာနမှ သိရသည်။
"ဒီနေ့ (၂) နာရီ (၄၀) မိနစ်မှာဦးကျော်မင်းနဲ့ ဦးဝင်းဌေး၊ (၄) နာရီ (၄၅) မိနစ်မှာ ဦးကျော်စိုး၊ (၅) နာရီ (၃၀) မိနစ်မှာ ဦးကျော်မြင့်တို့ရဲ့ ရုပ်အ လောင်းတွေကို ထပ်မံဆယ်ယူ နိုင်ခဲ့ပါတယ်။ တွင်းထဲမှာ နှစ်ဦး ကျန်ရှိနေပါသေးတယ်"ဟု မကွေးတိုင်းမီးသတ်ဦးစီးမှူး ဦးအောင်ဝင်းစိန်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် ရွှေစက်တော်အနီး ငဖဲ - ရွှေစက်တော်လမ်းဘေး (၃)မိုင်ခန့်အကွာရှိ ဟန်ထက်(၁) ကုမ္ပဏီပိုင် ကျောက်မီးသွေးတွင်း၌ နိုဝင်ဘာ(၂၇)ရက် မွန်းလွဲ(၂) နာရီခွဲ အချိန်ခန့်တွင် ကျင်းအ တွင်းသို့ အောက်ဆီဂျင်ရရှိစေ ရန် လေမှုတ်သွင်းသည့် ပိုက်ပွင့်ထွက်၍ တွင်းအပေါ်နံရံနှင့် ဘေးအကာနံရံများ ပြိုကျကာ လူ(၁၆)ဦးခန့် ပိတ်မိခဲ့သည့်အနက် အသက်ရှင်လျက်(၈) ဦးထွက်လာနိုင်ပြီး ကယ်ဆယ်ရေးအဖွဲ့က သေဆုံး (၂)ဦးကို နိုဝင်ဘာလ (၂၇)ရက်နေ့တွင် ဆယ်ယူထားနိုင်ခဲ့ခြင်းဖြစ်သည်။
ထိခိုက်ဒဏ်ရာရသည့် တရုတ်နိုင်ငံသား နှစ်ဦးနှင့် မြန်မာလုပ်သားနှစ်ဦးတို့ ငဖဲဆေးရုံတွင် ကုသမှုခံယူနေရ သော်လည်း စိုးရိမ်ရသည့်အခြေအနေမရှိကြောင်း သိရသည်။
သတင်း #ဖီးနစ်
