Ref; CCTVNEWS
............
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံကင်းမြို့မှာ မြေပေါ်လှဲထားတဲ့ (၅၉) ပေကျော်လောက် ရှည်တဲ့ ဓားသွား ထက်ထက်ပေါ်မှာ လမ်းလျှောက်ပြတဲ့ စတန့်ပြကွက်တွေနဲ့ ဖျော်ဖြေသွားပါတယ်။
ဓားသွားပေါ် လမ်းလျှောက်တဲ့ ပြကွက်ကို ခရီးသွားတွေ အများအပြားလည်း စိတ်ဝင်တစား လာရောက်ကြည့်ကြတယ်လို့ သိရပါတယ်။
ဒီလို ဓားသွားထက်ထက်ပေါ် လမ်းလျှောက်တာက တရုတ်ရိုးရာ အားကစားတွေထဲက ကစားနည်းတစ်ခုလည်း ဖြစ်တယ်လို့ သိရပါတယ်။
အခု ဓားသွားပေါ် လမ်းလျှောက်ပြသူကို ဂျီဂျန်ယု ဒါမှမဟုတ် ဓားသွားပေါ်ကဘုရင်လို့ အများက ခေါ်ကြပါတယ်။
ဘာသာပြန် - ဇာနှင်းထိုက်
Ref; CCTVNEWS