ရွမ္းျပည္ေျမာက္ပိုင္း သီေပါၿမိဳ႕နယ္အတြင္း တုိက္ပြဲမ်ားေၾကာင့္ သီေပါၿမိဳ႕ ရတနာေရႊဂူေက်ာင္းတုိက္သို႔ စစ္ေဘးေရွာင္ (၂၁၇)ဦးခန္႔ ေရာက္ရိွခိုလံႈေနရေၾကာင္း သိရသည္။
သီေပါၿမိဳ႕၏ အေနာက္ေတာင္ဘက္ (၁၀) မိုင္ခန္႔အကြာ အံုမုေက်းရြာအုပ္စု၊ မန္လြယ္ေက်းရြာအနီးတြင္ တိုက္ပြဲမ်ား ျပန္လည္ျဖစ္ပြားေနျခင္းျဖစ္ၿပီး ဇူလိုင္လ (၈)ရက္ေန႔မွစ၍ စစ္ေဘးေရွာင္မ်ား ေရာက္လာျခင္း ျဖစ္သည္ဟု သိရသည္။
"လူဦးေရစာရင္းက ေသခ်ာ မေကာက္ရေသးပါဘူး။ ဒီမနက္မွ ေရာက္တာဆိုေတာ့ စီမံခန္႔ခြဲေရးက ခုမွလုပ္တုန္း ရွိပါေသးတယ္။ ေက်ာင္းေနအရြယ္ကေလးေတြလည္း ပါ ပါတယ္။ ပညာသင္ေပးဖို႔ စီစဥ္ေနပါတယ္။ အစားအေသာက္ကေတာ့ လိုအပ္ေနတယ္။ ခုေလာေလာဆယ္ ၿမိဳ႕ခံေတြက အလွဳခံၿပီး ေကၽြးေမြးျပဳစု ေစာင့္ေရွာက္ထားပါတယ္။"ဟု သီေပါၿမိဳ႕မွ ကိုေအာင္ေအာင္က ေျပာသည္။
သီေပါၿမိဳ႕နယ္ စစ္ေဘးေရွာင္ဒုကၡသည္မ်ား ကူညီေစာင့္ေရွာက္ေရးအဖြဲ႕မွ စစ္ေဘးေရွာင္မ်ားအား ကူညီေရးအတြက္ လုပ္ေဆာင္ေနေၾကာင္း သိရသည္။
သီေပါၿမိဳ႕နယ္ မန္လြယ္ေက်းရြာအနီးတြင္ RCSS/SSA ႏွင့္ TNLA အဖြဲ႕မ်ား တုိက္ပြဲမ်ားျဖစ္ပြားေနျခင္း ျဖစ္ေၾကာင္း သိရသည္။
သတင္း။ ။ ေအာင္ျပည့္
.......................
ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း တိုက်ပွဲများကြောင့် သီပေါမြို့ ရတနာရွှေဂူကျောင်းတိုက်သို့ စစ်ဘေးရှောင် (၂၁၇)ဦးခန့် ရောက်ရှိခိုလှုံနေရကြောင်း သိရသည်။
သီပေါမြို့၏ အနောက်တောင်ဘက် (၁၀) မိုင်ခန့်အကွာ အုံမုကျေးရွာအုပ်စု၊ မန်လွယ်ကျေးရွာအနီးတွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနခြေင်းဖြစ်ပြီး ဇူလိုင်လ (၈)ရက်နေ့မှစ၍ စစ်ဘေးရှောင်များ ရောက်လာခြင်း ဖြစ်သည်ဟု သိရသည်။
"လူဦးရေစာရင်းက သေချာ မကောက်ရသေးပါဘူး။ ဒီမနက်မှ ရောက်တာဆိုတော့ စီမံခန့်ခွဲရေးက ခုမှလုပ်တုန်း ရှိပါသေးတယ်။ ကျောင်းနေအရွယ်ကလေးတွေလည်း ပါ ပါတယ်။ ပညာသင်ပေးဖို့ စီစဉ်နေပါတယ်။ အစားအသောက်ကတော့ လိုအပ်နေတယ်။ ခုလောလောဆယ် မြို့ခံတွေက အလှုခံပြီး ကျွေးမွေးပြုစု စောင့်ရှောက်ထားပါတယ်။"ဟု သီပေါမြို့မှ ကိုအောင်အောင်က ပြောသည်။
သီပေါမြို့နယ် စစ်ဘေးရှောင်ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေးအဖွဲ့မှ စစ်ဘေးရှောင်များအား ကူညီရေးအတွက် လုပ်ဆောင်နေကြောင်း သိရသည်။
သီပေါမြို့နယ် မန်လွယ်ကျေးရွာအနီးတွင် RCSS/SSA နှင့် TNLA အဖွဲ့များ တိုက်ပွဲများဖြစ်ပွားနခြေင်း ဖြစ်ကြောင်း သိရသည်။
သတင်း။ အောင်ပြည့်