တာခ်ီလိတ္ မွ ေတာင္ႀကီးသို႔ ခရီးသည္ပို႔ေဆာင္ေနေသာ TOYOTA အမ်ဳိးအစား PROBOX ယာဥ္တစ္စီးသည္ ပန္ကြဲေတာင္ အတက္တြင္ ရုတ္တရက္ မီးထေလာင္ၿပီး ယာဥ္တစ္စီးလံုး မီးေလာင္ကြ်မ္းသြားေၾကာင္း သိရသည္။
တာခ်ီလိတ္မွ ေတာင္ႀကီးသို႔ ခရီးသည္ပို႔ေဆာင္ေသာ အဆိုပါ ယာဥ္သည္ က်ဳိင္းတံုအနီးရွိ ပန္ကြဲေတာင္အတက္တြင္ ဇူလိုင္လ(၁၅)ရက္ေန႔က မီးေလာင္မႈ ျဖစ္ပြားတာျဖစ္ေၾကာင္း သိရသည္။
"ကားက မီးထေလာင္ေတာ့ ၿငိမ္းစရာလည္းမရွိဘူး၊ ပိုဆိုးတာက မီးသတ္ေဆးဗူးမပါေတာ့၊ မၿငိမ္းႏိုင္တဲ့ အခါမွာ တစ္စီးလံုးေလာင္သြားတာ၊ လူကေတာ့ ထိခိုက္မႈ မရွိဘူးလို႔ သိရပါတယ္"ဟု မိုင္းျဖတ္ခရီးသြား တစ္ဦးက ေျပာျပသည္။
PROBOX အမ်ဳိးအစား ယာဥ္မ်ားသည္ မီးထေလာင္မႈမ်ား ျဖစ္ပြားတတ္သည့္အတြက္ ယာဥ္အတြင္း မီးသတ္ေဆးဗူးမ်ား ေဆာင္ထားသင့္ေၾကာင္း ၎မွ ထပ္ေလာင္းေျပာလာသည္။
မီးေလာင္မႈျဖစ္ပြားေသာ အဆိုပါ TOYOTA အမ်ဳိးအစား PROBOX ယာဥ္သည္ ဂိတ္အတိအက်မရွိဘဲ ေျပးဆြဲေနသည့္ ယာဥ္မ်ား ျဖစ္ေၾကာင္း ႏွင့္ ၎တို႔အတြက္ ဂိတ္သတ္မွတ္ေပးထားရျခင္း မရွိေသးေၾကာင္း သိရသည္။
...........................
တာချီလိတ် မှ တောင်ကြီးသို့ ခရီးသည်ပို့ဆောင်နေသော TOYOTA အမျိုးအစား PROBOX ယာဉ်တစ်စီးသည် ပန်ကွဲတောင်အတက်တွင် ရုတ်တရက် မီးထလောင်ပြီး ယာဉ်တစ်စီးလုံး မီးလောင်ကျွမ်းသွားကြောင်း သိရသည်။
တာချီလိတ်မှ တောင်ကြီးသို့ ခရီးသည်ပို့ဆောင်သော အဆိုပါ ယာဉ်သည် ကျိုင်းတုံအနီးရှိ ပန်ကွဲတောင်အတက်တွင် ဇူလိုင်လ(၁၅)ရက်နေ့က မီးလောင်မှု ဖြစ်ပွားတာဖြစ်ကြောင်း သိရသည်။
"ကားက မီးထလောင်တော့ ငြိမ်းစရာလည်းမရှိဘူး၊ ပိုဆိုးတာက မီးသတ်ဆေးဗူးမပါတော့၊ မငြိမ်းနိုင်တဲ့ အခါမှာ တစ်စီးလုံးလောင်သွားတာ၊ လူကတော့ ထိခိုက်မှု မရှိဘူးလို့ သိရပါတယ်"ဟု မိုင်းဖြတ်ခရီးသွား တစ်ဦးက ပြောပြသည်။
PROBOX အမျိုးအစား ယာဉ်များသည် မီးထလောင်မှုများ ဖြစ်ပွားတတ်သည့်အတွက် ယာဉ်အတွင်း မီးသတ်ဆေးဗူးများ ဆောင်ထားသင့်ကြောင်း၎င်းမှ ထပ်လောင်းပြောလာသည်။
မီးလောင်မှုဖြစ်ပွားသော အဆိုပါ TOYOTA အမျိုးအစား PROBOX ယာဉ်သည် ဂိတ်အတိအကျမရှိဘဲ ပြေးဆွဲနေသည့် ယာဉ်များ ဖြစ်ကြောင်း နှင့်၎င်းတို့အတွက် ဂိတ်သတ်မှတ်ပေးထားရခြင်း မရှိသေးကြောင်း သိရသည်။