ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ လားရိွိဳးၿမိဳ႕တြင္ စားသံုးသူေရးရာဦးစီးဌာနမွ စားသံုးသူမ်ား၏ သေဘာထားစစ္တမ္း ေကာက္ယူျခင္းကို ဇူလိုင္လ၏ တတိယပတ္တြင္ စတင္ေကာက္ယူမည္ျဖစ္ေၾကာင္း သိရသည္။
စီးပြားေရးနွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၊ စားသံုးသူေရးရာဦးစီးဌာန(လားရိွိဳးရံုး)မွ စားသံုးသူေရးရာ ကာကြယ္ေပးေရးဥပေဒအား ရက္(၁၀၀)စီမံခ်က္ျဖင့္ ပညာေပးေဆြးေႏြးမႈမ်ား ျပဳလုပ္ခဲ႔ၿပီးျဖစ္၍ စားသံုးသူမ်ား၏ သေဘာထားေကာက္ခံျခင္းကို ဇူလိုင္ လ တတိယအပတ္မွစ၍ အဖြဲ႕ဝင္ (၁၅)ဦးခန္႔ျဖင့္ စတင္လုပ္ေဆာင္ သြားမည္ျဖစ္ေၾကာင္း စားသံုးသူေရးရာဦးစီးဌာန(လားရိွိဳး)ရံုးမွ သိရသည္။
"စားသံုးသူေတြရဲ႕ သေဘာထားကို မျဖစ္မေန စစ္တမ္းေကာက္ကို ေကာက္မွာပါ။ ေနာက္အသစ္ ျပန္လည္ေရးဆြဲမယ့္ စားသံုးသူေရးရာ ကာကြယ္ေပးေရး ဥပေဒမွာလည္း အႀကံျပဳခ်က္သေဘာထား၊ သံုးသပ္ခ်က္အမ်ားဆံုးကို ဌာနခ်ဳပ္ေကာ္မတီအေနနဲ႔ ၾကည့္ၿပီး လိုအပ္ခ်က္ေတြကို ထည့္သြင္းသြားမွာပါ။"ဟု စားသံုးသူေရးရာဦးစီးဌာန(လားရိွဳး)မွ ဒုတိယျပည္နယ္ ဦးစီးမႈး ဦးေဇာ္မင္းသန္းက ေျပာသည္။
နယ္စပ္မွ တရားမဝင္ ဝင္ေရာက္လာေသာ စားေသာက္ကုန္မ်ားနွင့္ ပတ္သက္၍ တားဆီးကာကြယ္ႏုိင္မည့္ နည္းလမ္းမ်ားကိုလည္း ရွာေဖြသြားမည္ျဖစ္ေၾကာင္း သိရသည္။
"ကၽြန္ေတာ့္သေဘာထားကေတာ့ နယ္စပ္မွာ Mobile Team နဲ႔ လုပ္ေဆာင္ၿပီး စားသံုးသူမ်ားအတြက္ ကာကြယ္ေပးေရး လုပ္ေဆာင္ေပးေစခ်င္ပါတယ္။ ဒီဘက္ကိုေရာက္ၿပီဆိုတာနဲ႕ ျဖန္႔ျဖဴးမႈက တစ္ေယာက္ကေန နွစ္ေယာက္ ဒီလိုနဲ႔မ်ားလာၿပီး လိုက္စစ္ေဆးတဲ့ လူႀကီးေတြလည္း အၿငိမ္ေနရမွာ မဟုတ္ဘူး။ အဝင္ကို ပိတ္ထားလိုက္ရင္ အဆင္ေျပမယ္လို႔ ထင္ပါတယ္"ဟု ၿမိဳ႕ခံ ကိုေအာင္ကိုဝင္းက ေျပာသည္။
အဆိုပါ သေဘာထားစစ္တမ္းအား ျပည္နယ္ႏွင့္ တုိင္းေဒသႀကီး တစ္ခုခ်င္းစီ၌ အလႊာစံုမွ လူဦးေရ (၁၀၀)ခန္႔အား ေမးျမန္းစစ္တမ္းယူမည္ျဖစ္ၿပီး၊ ဌာန၏ဒုတိယရက္ (၁၀၀) ကာလအတြင္း အၿပီးသတ္ လုပ္ေဆာင္ႏုိင္မည္ျဖစ္ေၾကာင္း သိရသည္။
သတင္း။ ။ ေအာင္ျပည့္
..............
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူများ၏ သဘောထားစစ်တမ်း ကောက်ယူခြင်းကို ဇူလိုင်လ၏ တတိယပတ်တွင် စတင်ကောက်ယူမည်ဖြစ်ကြောင်း သိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန(လားရှိုးရုံး)မှ စားသုံးသူရေးရာ ကာကွယ်ပေးရေးဥပဒေအား ရက်(၁၀၀)စီမံချက်ဖြင့် ပညာပေးဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးဖြစ်၍ စားသုံးသူများ၏ သဘောထားကောက်ခံခြင်းကို ဇူလိုင် လ တတိယအပတ်မှစ၍ အဖွဲ့ဝင် (၁၅)ဦးခန့်ဖြင့် စတင်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာန(လားရှိုး)ရုံးမှ သိရသည်။
"စားသုံးသူတွေရဲ့ သဘောထားကို မဖြစ်မနေ စစ်တမ်းကောက်ကို ကောက်မှာပါ။ နောက်အသစ် ပြန်လည်ရေးဆွဲမယ့် စားသုံးသူရေးရာ ကာကွယ်ပေးရေး ဥပဒေမှာလည်း အကြံပြုချက်သဘောထား၊ သုံးသပ်ချက်အများဆုံးကို ဌာနချုပ်ကော်မတီအနေနဲ့ ကြည့်ပြီး လိုအပ်ချက်တွေကို ထည့်သွင်းသွားမှာပါ။"ဟု စားသုံးသူရေးရာဦးစီးဌာန(လားရှိုး)မှ ဒုတိယပြည်နယ် ဦးစီးမှုး ဦးဇော်မင်းသန်းက ပြောသည်။
နယ်စပ်မှ တရားမဝင် ဝင်ရောက်လာသော စားသောက်ကုန်များနှင့် ပတ်သက်၍ တားဆီးကာကွယ်နိုင်မည့် နည်းလမ်းများကိုလည်း ရှာဖွေသွားမည်ဖြစ်ကြောင်း သိရသည်။
"ကျွန်တော့်သဘောထားကတော့ နယ်စပ်မှာ Mobile Team နဲ့ လုပ်ဆောင်ပြီး စားသုံးသူများအတွက် ကာကွယ်ပေးရေး လုပ်ဆောင်ပေးစေချင်ပါတယ်။ ဒီဘက်ကိုရောက်ပြီဆိုတာနဲ့ ဖြန့်ဖြူးမှုက တစ်ယောက်ကနေ နှစ်ယောက် ဒီလိုနဲ့များလာပြီး လိုက်စစ်ဆေးတဲ့ လူကြီးတွေလည်း အငြိမ်နေရမှာ မဟုတ်ဘူး။ အဝင်ကို ပိတ်ထားလိုက်ရင် အဆင်ပြေမယ်လို့ ထင်ပါတယ်"ဟု မြို့ခံ ကိုအောင်ကိုဝင်းက ပြောသည်။
အဆိုပါ သဘောထားစစ်တမ်းအား ပြည်နယ်နှင့် တိုင်းဒေသကြီး တစ်ခုချင်းစီ၌ အလွှာစုံမှ လူဦးရေ (၁၀၀)ခန့်အား မေးမြန်းစစ်တမ်းယူမည်ဖြစ်ပြီး၊ ဌာန၏ဒုတိယရက် (၁၀၀) ကာလအတွင်း အပြီးသတ် လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။
သတင်း။ အောင်ပြည့်