တာခ်ီလိတ္ၿမိဳ႕မွတစ္ဆင့္ ထိုင္းႏိုင္ငံ၊ မယ္ဆိုင္ၿမိဳ႕သို႔ အေၾကာင္း အမ်ိဳးမ်ိဳးျဖင့္ သြားေရာက္မည့္ ျမန္မာႏိုင္ငံသားမ်ား အေနျဖင့္ တရားမ၀င္ ေရေခ်ာင္းမွ ျဖတ္ကူးသြားလာျခင္းမ်ား မျပဳရန္ ထုိင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕ေရာက္ ျမန္မာႏိုင္ငံသားမ်ားအား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညႇိႏွိဳင္းေရး ေကာက္မတီ(CNCMC)မွ အသိေပးလာသည္။
"မေန႔က ျမန္မာႏိုင္ငံသား တစ္ေယာက္ကို မယ္ဆိုင္ရဲစခန္းမွာ ဖမ္းထားတယ္ဆိုလို႔ စံုစမ္းၾကည့္တာ တရားမ၀င္ ေရေခ်ာင္းကျဖတ္ၿပီးသြားတယ္ေျပာတယ္၊ ေနာက္ၿပီး မူးယစ္ေဆး၀ါးလဲ သံုးစြဲထားတယ္လို႔လဲ ရဲစခန္းမွာ ၀န္ခံထားတယ္တဲ့ ကၽြန္ေတာ္တို႔အေနနဲ႔ ထုိင္းႏိုင္ငံရဲ႕ ဥပေဒေဘာင္ထဲကေနဘဲ အကူအညီ ေပးလို႔ရတယ္ ဥပေဒက်ဴးလြန္တာ ေဖာက္ဖ်က္ထားတာဆိုရင္ အကူအညီေပးလို႔မရပါဘူး ။ ဒါေၾကာင့္ သူ႔ႏိုင္ငံသြားရင္ သူ႔စည္းကမ္း၊ သူ႔ဥပေဒကိုေတာ့ ေလးစားလိုက္နာဖို႔ လိုပါလိမ့္မယ္"ဟု CNCMC အလုပ္အမႈေဆာင္ ဦးစည္သူေမာင္မွေျပာသည္။
ဖမ္းဆီးခံထားရသူမွာ ဇူလိုင္လ(၂၆)ရက္ေန႔ညပိုင္းတြင္ ထိုင္းႏိုင္ငံ၊ မယ္ဆိုင္ၿမိဳ႕သို႔ တရားမ၀င္ မယ္ဆိုင္ေခ်ာင္းအား ျဖတ္သန္းသြားျခင္းျဖစ္ၿပီး၊ မယ္ဆိုင္ၿမိဳ႕ ဖဟြန္ယိုထင္းလမ္းမႀကီးေဘး ဗလီေရွ႕တြင္ ထုိင္းလွည့္ကင္းရဲတပ္ဖြဲ႕မွ ေတြ႕ရွိသျဖင့္ ေခၚယူစစ္ေဆးရာခံရျခင္းျဖစ္ကာ မယ္ဆိုင္ၿမိဳ႕ရွိ အစ္မျဖစ္သူထံသြားေရာက္လည္ပတ္သူျဖစ္ေၾကာင္း ၎မွ ေျပာသည္။
ျမန္မာႏိုင္ငံမွ ထုိင္းႏိုင္ငံမယ္ဆိုင္ၿမိဳ႕သို႔ တရားမ၀င္ ေရေခ်ာင္းမွျဖတ္သန္းသြားလာသူမ်ားအား ထိုင္းႏိုင္ငံ၏ ဥပေဒအရ တရားမ၀င္ နယ္စပ္ျဖတ္ေက်ာ္မႈျဖင့္ အေရးယူဖမ္းဆီး ခံရမည္ျဖစ္ၿပီး ဥပေဒအရ ေငြဒဏ္ခ်မွတ္ႏိုင္သကဲ့သို႔ ေထာင္ဒဏ္လည္း ခ်မွတ္ႏိုင္သည့္အျပင္ ျမန္မာႏိုင္ငံအတြင္းသို႔ ျပန္လည္ လႊဲေျပာင္းခံရျပီးပါကလည္း အမည္မည္း(Black List)စာရင္းသြင္းခံရမည္ျဖစ္ကာ မည္သည့္အေၾကာင္းႏွင့္မ်ွ ထုိင္းႏိုင္ငံအတြင္း ၀င္ေရာက္ခြင့္ျပဳေတာ့မည္မဟုတ္ေၾကာင္း သိရသည္။
....................
တာချီလိတ်မြို့မှတစ်ဆင့် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့သို့ အကြောင်း အမျိုးမျိုးဖြင့် သွားရောက်မည့် မြန်မာနိုင်ငံသားများ အနဖြေင့် တရားမဝင် ရေချောင်းမှ ဖြတ်ကူးသွားလာခြင်းများ မပြုရန် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေး ကောက်မတီ(CNCMC)မှ အသိပေးလာသည်။
"မနေ့က မြန်မာနိုင်ငံသား တစ်ယောက်ကို မယ်ဆိုင်ရဲစခန်းမှာ ဖမ်းထားတယ်ဆိုလို့ စုံစမ်းကြည့်တာ တရားမဝင် ရေချောင်းကဖြတ်ပြီးသွားတယ်ပြောတယ်၊ နောက်ပြီး မူးယစ်ဆေးဝါးလဲ သုံးစွဲထားတယ်လို့လဲ ရဲစခန်းမှာ ဝန်ခံထားတယ်တဲ့ ကျွန်တော်တို့အနေနဲ့ ထိုင်းနိုင်ငံရဲ့ ဥပဒေဘောင်ထဲကနေဘဲ အကူအညီ ပေးလို့ရတယ် ဥပဒေကျူးလွန်တာ ဖောက်ဖျက်ထားတာဆိုရင် အကူအညီပေးလို့မရပါဘူး။ ဒါကြောင့် သူ့နိုင်ငံသွားရင် သူ့စည်းကမ်း၊ သူ့ဥပဒေကိုတော့ လေးစားလိုက်နာဖို့ လိုပါလိမ့်မယ်"ဟု CNCMC အလုပ်အမှုဆောင် ဦးစည်သူမောင်မှပြောသည်။
ဖမ်းဆီးခံထားရသူမှာ ဇူလိုင်လ(၂၆)ရက်နေ့ညပိုင်းတွင် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့သို့ တရားမဝင် မယ်ဆိုင်ချောင်းအား ဖြတ်သန်းသွားခြင်းဖြစ်ပြီး၊ မယ်ဆိုင်မြို့ ဖဟွန်ယိုထင်းလမ်းမကြီးဘေး ဗလီရှေ့တွင် ထိုင်းလှည့်ကင်းရဲတပ်ဖွဲ့မှ တွေ့ရှိသဖြင့် ခေါ်ယူစစ်ဆေးရာခံရခြင်းဖြစ်ကာ မယ်ဆိုင်မြို့ရှိ အစ်မဖြစ်သူထံသွားရောက်လည်ပတ်သူဖြစ်ကြောင်း၎င်းမှ ပြောသည်။
မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံမယ်ဆိုင်မြို့သို့ တရားမဝင် ရေချောင်းမှဖြတ်သန်းသွားလာသူများအား ထိုင်းနိုင်ငံ၏ ဥပဒေအရ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုဖြင့် အရေးယူဖမ်းဆီး ခံရမည်ဖြစ်ပြီး ဥပဒေအရ ငွေဒဏ်ချမှတ်နိုင်သကဲ့သို့ ထောင်ဒဏ်လည်း ချမှတ်နိုင်သည့်အပြင် မြန်မာနိုင်ငံအတွင်းသို့ ပြန်လည် လွှဲပြောင်းခံရပြီးပါကလည်း အမည်မည်း(Black List)စာရင်းသွင်းခံရမည်ဖြစ်ကာ မည်သည့်အကြောင်းနှင့်မျှ ထိုင်းနိုင်ငံအတွင်း ဝင်ရောက်ခွင့်ပြုတော့မည်မဟုတ်ကြောင်း သိရသည်။