

ယူနန္ျပည္နယ္မွ က်ဘမ္းအလုပ္ လုပ္ကိုင္သည့္ တရုတ္ႏိုင္ငံသားတစ္ဦး တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း ေဆးသစ္ျမစ္လာေရာက္ တူးေဖာ္ရာမွ ဇူလိုင္(၂၅)ရက္ေန႔႔ ေန႔လယ္(၂)နာရီေက်ာ္က ေျမပိ၍ ေသဆံုးသြားေၾကာင္း သိရသည္။
တာခ်ီလိတ္ျပည္သူ႔ေဆးရံုသို႔ ညေန(၄)နာရီခန္႔တြင္ ေျမပိ၍ ေသဆံုးေနေသာ အမ်ိဳးသားအေလာင္း တစ္ေလာင္း ေရာက္ရွိလာေၾကာင္း သိရသျဖင့္ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ စခန္းမွဴး မွ သြားေရာက္စစ္ေဆးရာ ယူနန္ျပည္နယ္၊ ဟိုနန္တိုင္း၊ ရွီယန္းၿမိဳ႕ အန္ဟြရြာတြင္ ေနထုိင္ေသာ တရုတ္ႏုိင္ငံသားျဖစ္ၿပီး ေဆးျမစ္တူးေဖာ္ရန္ တာခ်ီလိတ္ၿမိဳ႕သို႔ ေရာက္ရွိေနစဥ္ မိုင္းကိုးေက်းရြာအုပ္စု ဟိုရမ္းေက်းရြာတြင္ ေဆးျမစ္သြားေရာက္တူးေဖာ္ရာမွ ေျမပိ၍ ေသဆံုးသြားခဲ့ေၾကာင္း သိရသည္။
ေသဆံုးသြားသည့္ တရုတ္ႏိုင္ငံသား Mr,Zhon Zaiping မွာ တရား၀င္ဗီဇာျဖင့္ တရုတ္ႏိုင္ငံမွ (၂)ဦးလာေရာက္ျခင္း ျဖစ္ေၾကာင္း ႏွင့္ နံနက္ပိုင္းတြင္ ဟိုရမ္းေက်းရြာသို႔ သြားေရာက္ကာ သစ္ျမစ္တူးရာမွ ေျမပိၿပီး အခင္းျဖစ္ပြားရာ ေနရာ၌ပင္ ေသဆံုးသြားျခင္း ျဖစ္ေၾကာင္း သိရသည္။
ေျမပိေသဆံုးျခင္းေၾကာင့္ ယာဘက္မ်က္လံုးေပါက္ထြက္ဒဏ္ရာ၊ ဦးေခါင္းရိုးကြဲအက္ဒဏ္ရာ၊ ယာဘက္ေမးရိုးႏွင့္ နဖူးကြဲ၊ ကပ္ပယ္အိတ္ကြဲကာ အူထြက္ဒဏ္ရာမ်ားျဖင့္ ေသဆံုးခဲ့ျခင္းျဖစ္ေၾကာင္း တာခ်ီလိတ္ျပည္သူ႔ေဆးရုံ မႈခင္းဆရာ၀န္၏ စစ္ေဆးခ်က္အရ သိရသည္။
တရုတ္ႏိုင္ငံသားေသဆံုးမႈအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ ဓမၼတာအတုိင္းေသဆံုးျခင္း ဟုတ္/မဟုတ္ စစ္ေဆးႏိုင္ရန္ တာခ်ီလိတ္ၿမိဳ႕ရဲစခန္းမွ ေသမႈေသခင္းအမွတ္စဥ္(၁၁/၂၀၁၆)ျဖင့္ အမႈဖြင့္လွစ္ ေဆာင္ရြက္ထားေၾကာင္း သိရသည္။
သတင္း - ကိုဇက္
ဓာတ္ပံု - တာခ်ီလိတ္နာေရးကူညီမႈအသင္း
..................
ယူနန်ပြည်နယ်မှ ကျဘမ်းအလုပ် လုပ်ကိုင်သည့် တရုတ်နိုင်ငံသားတစ်ဦး တာချီလိတ်မြို့နယ်အတွင်း ဆေးသစ်မြစ်လာရောက် တူးဖော်ရာမှ ဇူလိုင်(၂၅)ရက်နေ့ နေ့လယ်(၂)နာရီကျော်က မြေပိ၍ သေဆုံးသွားကြောင်း သိရသည်။
တာချီလိတ်ပြည်သူ့ဆေးရုံသို့ ညနေ(၄)နာရီခန့်တွင် မြေပိ၍ သေဆုံးနေသော အမျိုးသားအလောင်း တစ်လောင်း ရောက်ရှိလာကြောင်း သိရသဖြင့် တာချီလိတ်မြို့မရဲစခန်းမှ စခန်းမှူး မှ သွားရောက်စစ်ဆေးရာ ယူနန်ပြည်နယ်၊ ဟိုနန်တိုင်း၊ ရှီယန်းမြို့ အန်ဟွရွာတွင် နေထိုင်သော တရုတ်နိုင်ငံသားဖြစ်ပြီး ဆေးမြစ်တူးဖော်ရန် တာချီလိတ်မြို့သို့ ရောက်ရှိနေစဉ် မိုင်းကိုးကျေးရွာအုပ်စု ဟိုရမ်းကျေးရွာတွင် ဆေးမြစ်သွားရောက်တူးဖော်ရာမှ မြေပိ၍ သေဆုံးသွားခဲ့ကြောင်း သိရသည်။
သေဆုံးသွားသည့် တရုတ်နိုင်ငံသား Mr,Zhon Zaiping မှာ တရားဝင်ဗီဇာဖြင့် တရုတ်နိုင်ငံမှ (၂)ဦးလာရောက်ခြင်း ဖြစ်ကြောင်း နှင့် နံနက်ပိုင်းတွင် ဟိုရမ်းကျေးရွာသို့ သွားရောက်ကာ သစ်မြစ်တူးရာမှ မြေပိပြီး အခင်းဖြစ်ပွားရာ နေရာ၌ပင် သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။
မြေပိသေဆုံးခြင်းကြောင့် ယာဘက်မျက်လုံးပေါက်ထွက်ဒဏ်ရာ၊ ဦးခေါင်းရိုးကွဲအက်ဒဏ်ရာ၊ ယာဘက်မေးရိုးနှင့် နဖူးကွဲ၊ ကပ်ပယ်အိတ်ကွဲကာ အူထွက်ဒဏ်ရာများဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း တာချီလိတ်ပြည်သူ့ဆေးရုံ မှုခင်းဆရာဝန်၏ စစ်ဆေးချက်အရ သိရသည်။
တရုတ်နိုင်ငံသားသေဆုံးမှုအား တာချီလိတ်မြို့မရဲစခန်းမှ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးနိုင်ရန် တာချီလိတ်မြို့ရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ်(၁၁/၂၀၁၆)ဖြင့် အမှုဖွင့်လှစ် ဆောင်ရွက်ထားကြောင်း သိရသည်။
သတင်း - ကိုဇက်
ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း