တာခ်ီလိတ္၊ ဇူလိုင္လ(၇)
တာခ်ီလိတ္ၿမိဳ႕ရွိ ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရး အမွတ္(၁)တံတား ျပင္ဆင္ေနမႈ အေျခအေနႏွင့္ ပတ္သက္၍ ယေန႔ ဇူလိုင္လ(၇)ရက္ နံနက္ပိုင္းက တာခ်ီလိတ္ခရိုင္ ႏွင့္ ခ်င္းရိုင္းခရိုင္အႀကီးအကဲမ်ားက လာေရာက္ၾကည့္ရွဳခဲ့ေၾကာင္း သိရသည္။
ျမန္မာဘက္မွ တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္၀င္းေရႊ ဦးေဆာင္ေသာ ဌာနဆိုင္ရာအႀကီးအကဲမ်ား ႏွင့္ ထိုင္းႏိုင္ငံ ခ်င္းရိုင္းခရိုင္အုပ္ခ်ဳပ္ေရးမွဴး Mr.Boon Song Techamanesatit ဦးေဆာင္ေသာ ဌာနဆိုင္ရာ အႀကီးအကဲမ်ားမွ ေတြ႕ဆံုကာ အဆိုပါ တံတားျပဳျပင္ေနမႈ လုပ္ငန္းမ်ားအား ၾကည့္ရႈ စစ္ေဆးခဲ့ၾကျခင္း ျဖစ္သည္။
ျမန္မာ - ထိုင္းနယ္စပ္ေဒသ တာခ်ီလိတ္ၿမိဳ႕ႏွင့္ မယ္ဆုိင္ၿမိဳ႕အား ဆက္သြယ္ထားသည့္ ခ်စ္ၾကည္ေရး အမွတ္ (၁) တံတား၏ ျပန္လည္ျပင္ဆင္ေနမႈကို ထိုင္းႏိုင္ငံမွ အကုန္အက်ခံကာ ထုိင္းႏိုင္ငံဘက္ျခမ္းမွ ျမန္မာႏိုင္ငံ ဘက္ျခမ္းထိ မီတာ(၁၀၀)အား (AC)ကတၱရာခင္းျခင္းႏွင့္ တံတားေအာက္ခံ အသစ္အစားထိုးျခင္း၊ ျပန္လည္ ျပင္ဆင္ျခင္းကို ၂၀၁၆ခုႏွစ္ ဇြန္လ (၂၈)ရက္ေန႔က စတင္ အေကာင္အထည္ေဖာ္ ေဆာင္ရြက္ေနျခင္း ျဖစ္သည္။
ဓာတ္ပံု။ ။ Tachileik District GAD
.....................
တာချီလိတ်၊ ဇူလိုင်လ(၇)
တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတား ပြင်ဆင်နေမှု အခြေအနေနှင့် ပတ်သက်၍ ယနေ့ ဇူလိုင်လ(၇)ရက် နံနက်ပိုင်းက တာချီလိတ်ခရိုင် နှင့် ချင်းရိုင်းခရိုင်အကြီးအကဲများက လာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
မြန်မာဘက်မှ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ ဦးဆောင်သော ဌာနဆိုင်ရာအကြီးအကဲများ နှင့် ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်အုပ်ချုပ်ရေးမှူး Mr.Boon Song Techamanesatit ဦးဆောင်သော ဌာနဆိုင်ရာ အကြီးအကဲများမှ တွေ့ဆုံကာ အဆိုပါ တံတားပြုပြင်နေမှု လုပ်ငန်းများအား ကြည့်ရှု စစ်ဆေးခဲ့ကြခြင်း ဖြစ်သည်။
မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့နှင့် မယ်ဆိုင်မြို့အား ဆက်သွယ်ထားသည့် ချစ်ကြည်ရေး အမှတ် (၁) တံတား၏ ပြန်လည်ပြင်ဆင်နေမှုကို ထိုင်းနိုင်ငံမှ အကုန်အကျခံကာ ထိုင်းနိုင်ငံဘက်ခြမ်းမှ မြန်မာနိုင်ငံ ဘက်ခြမ်းထိ မီတာ(၁၀၀)အား (AC)ကတ္တရာခင်းခြင်းနှင့် တံတားအောက်ခံ အသစ်အစားထိုးခြင်း၊ ပြန်လည် ပြင်ဆင်ခြင်းကို ၂၀၁၆ခုနှစ် ဇွန်လ (၂၈)ရက်နေ့က စတင် အကောင်အထည်ဖော် ဆောင်ရွက်နခြေင်း ဖြစ်သည်။
ဓာတ်ပုံ။ Tachileik District GAD
⊰❂ #TachileikNewsAgency#TachileikOnlineNewswww.tachileik.net ❂⊱
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~