ဘာသာျပန္၊ ဇြန္လ(၆)
ထိုင္းႏိုင္ငံမွာ (၁၁) ေပေက်ာ္ရွည္တဲ့ စပါးႀကီးေျမြက အိမ္သာတက္ေနတဲ့ အမ်ိဳးသားကို ကိုက္လိုက္ၿပီးေတာ့ ႏွစ္ပတ္ေလာက္အၾကာမွာပဲ အဆိပ္ရိွတဲ့ ေျမြတစ္ေကာင္ကို အိမ္သာထဲမွာ ထပ္ေတြ႕ရျပန္ပါတယ္။
ဒီတစ္ေခါက္မွာေတာ့ ပထန္ဌာနီက ေနအိမ္တစ္ခုရဲ႕ အိမ္သာထဲမွာ အရွည္(၃)ေပေက်ာ္တဲ့ ေျမြေပြးတစ္ေကာင္ကို အိမ္သာခန္းထဲအဝင္မွာ သတိထားမိသြားတာေၾကာင့္ လူကိုမကိုက္ခင္ ဖမ္းမိလိုက္ႏုိင္တယ္လို႔ သိရပါတယ္။
Po Teck Toeng Foundation က ကူညီကယ္ဆယ္ေရးအဖြဲ႕ဝင္ေတြဆီကို ည (၁၀)နာရီ မိနစ္(၄၀)ခန္႔မွာ အသက္ (၂၇)ႏွစ္အရြယ္ Mr Polapat Laokamnerdpetch က အိမ္သာထဲမွာ ေျမြေတြ႕ရတဲ့အေၾကာင္း ဖုန္းဆက္အေၾကာင္းၾကားခဲ့တာလို႔ သိရပါတယ္။
ကယ္ဆယ္ေရးအဖြဲ႕ေတြ ေရာက္သြားခ်ိန္မွာ ေျမြက အိမ္သာထဲေပ်ာက္သြားတာေၾကာင့္ အိမ္သာအိုးထဲကို အင္းဆက္သတ္ေဆးေတြ ေလာင္းထည့္ခဲ့ရတယ္လို႔ သိရပါတယ္။
ေျမြကိုဖမ္းႏုိင္ဖို႔ နာရီဝက္ေလာက္အခ်ိန္ယူခဲ့ရၿပီး၊ ဖမ္းဆီးရမိတဲ့ ေၿမြႀကီးကို ထိုင္းၾကက္ေျခနီအဖြဲ႕ရဲ႕ ေျမြၿခံထဲကို ပို႔ေပးလိုက္တယ္လို႔ သိရပါတယ္။
အိမ္သာအိုးထဲကို ေျမြဝင္လာရတာက ေရဆိုးထုတ္ပိုက္ဘက္မွာ ဇကာလိုမ်ိဳး တပ္မထားတာေၾကာင့္ ဝင္လာႏုိင္တာလို႔ သိရပါတယ္။
ၿပီးခဲ့တဲ့ တစ္ပတ္ကေတာ့ ထိုင္းနိုင္ငံက အသက္ (၃၈)ႏွစ္အရြယ္ အမ်ိဳးသားတစ္ဦး အိမ္သာတက္ရင္း အိမ္သာအိုးထဲ ဝင္ေနတဲ့ စပါးႀကီးေျမြက ကိုက္လိုက္တာေၾကာင့္ ႏိုင္ငံတကာသတင္းေတြမွာ ေခါင္းစီးသတင္းေတြအျဖစ္ တက္လာခဲ့ပါေသးတယ္။
ဘာသာျပန္။ ။ ဇာႏွင္းထိုက္
Ref; asiancorrespondent
.............
ဘာသာပြန်၊ ဇွန်လ(၆)
ထိုင်းနိုင်ငံမှာ (၁၁) ပေကျော်ရှည်တဲ့ စပါးကြီးမြွေက အိမ်သာတက်နေတဲ့ အမျိုးသားကို ကိုက်လိုက်ပြီးတော့ နှစ်ပတ်လောက်အကြာမှာပဲ အဆိပ်ရှိတဲ့ မြွေတစ်ကောင်ကို အိမ်သာထဲမှာ ထပ်တွေ့ရပြန်ပါတယ်။
ဒီတစ်ခေါက်မှာတော့ ပထန်ဌာနီက နေအိမ်တစ်ခုရဲ့ အိမ်သာထဲမှာ အရှည်(၃)ပေကျော်တဲ့ မြွေပွေးတစ်ကောင်ကို အိမ်သာခန်းထဲအဝင်မှာ သတိထားမိသွားတာကြောင့် လူကိုမကိုက်ခင် ဖမ်းမိလိုက်နိုင်တယ်လို့ သိရပါတယ်။
Po Teck Toeng Foundation က ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တွေဆီကို ည (၁၀)နာရီ မိနစ်(၄၀)ခန့်မှာ အသက် (၂၇)နှစ်အရွယ် Mr Polapat Laokamnerdpetch က အိမ်သာထဲမှာ မြွေတွေ့ရတဲ့အကြောင်း ဖုန်းဆက်အကြောင်းကြားခဲ့တာလို့ သိရပါတယ်။
ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်သွားချိန်မှာ မြွေက အိမ်သာထဲပျောက်သွားတာကြောင့် အိမ်သာအိုးထဲကို အင်းဆက်သတ်ဆေးတွေ လောင်းထည့်ခဲ့ရတယ်လို့ သိရပါတယ်။
မြွေကိုဖမ်းနိုင်ဖို့ နာရီဝက်လောက်အချိန်ယူခဲ့ရပြီး၊ ဖမ်းဆီးရမိတဲ့ မြွကြေီးကို ထိုင်းကြက်ခြေနီအဖွဲ့ရဲ့ မြွခြေံထဲကို ပို့ပေးလိုက်တယ်လို့ သိရပါတယ်။
အိမ်သာအိုးထဲကို မြွေဝင်လာရတာက ရေဆိုးထုတ်ပိုက်ဘက်မှာ ဇကာလိုမျိုး တပ်မထားတာကြောင့် ဝင်လာနိုင်တာလို့ သိရပါတယ်။
ပြီးခဲ့တဲ့ တစ်ပတ်ကတော့ ထိုင်းနိုင်ငံက အသက် (၃၈)နှစ်အရွယ် အမျိုးသားတစ်ဦး အိမ်သာတက်ရင်း အိမ်သာအိုးထဲ ဝင်နေတဲ့ စပါးကြီးမြွေက ကိုက်လိုက်တာကြောင့် နိုင်ငံတကာသတင်းတွေမှာ ခေါင်းစီးသတင်းတွေအဖြစ် တက်လာခဲ့ပါသေးတယ်။
ဘာသာပြန်။ ဇာနှင်းထိုက်
Ref; asiancorrespondent