ဒီးမော့ဆို၊ ဇွန်လ(၂၁)
ဇွန်လ(၂၁)ရက်နေ့တွင် ကျရောက်သည့် (၁၄၁)နှစ်မြောက် ကရင်နီ အမျိုးသားနေ့ အခမ်းအနားကို ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် တနီးလာလဲကျေးရွာအနီး ကန်ခုနှစ်ဆင့်တွင် ကျင်းပရာ ပြည်နယ်တွင်းမှ လူမျိုးစုအသီးသီး၏ ယဉ်ကျေးမှုအဖွဲ့များ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဗဟိုကော်မတီဝင်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ လူမှုရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ နှင့် ဒေသခံပြည်သူလူထု စုစုပေါင်း လူဦးရေ (၂၀၀၀)နီးပါး တက်ရောက်ကြသည်။
သတင်း/ဓာတ်ပုံ။ ။ နေလေး