မိတၱီလာ၊ ဇြန္လ(၁၃)ရက္
မႏၱေလးတိုင္းေဒသႀကီး၊ မိတၳီလာခရုိင္၊ မိတၳီလာၿမိဳ႕နယ္အတြင္း ရပ္နားထားရသည့္ ယကၠန္းလုပ္ငန္းမ်ား ေက်းရြာမီးရရိွေရး လုပ္ေဆာင္ေပးမႈေၾကာင့္ လုပ္ငန္းျပန္လည္ လည္ပတ္လာေၾကာင္း သိရသည္။
“အခုအခ်ိန္မွာ ႏိုင္ငံေတာ္ကလည္း ေက်းရြာမီးရရွိေရးေတြ လုပ္ေဆာင္ေနၿပီး လွ်ပ္စစ္မီးရျပီဆိုေတာ့ ရြာက ယကၠန္းစင္ေတြက ျပန္လည္ လည္ပတ္လာတယ္။” ဟု ၀ါစိုက္ေတာင္သူ တစ္ဦးျဖစ္သူ ဦးသန္းေအာင္ ကဆိုသည္။
ယခင္ ရပ္နားထားေသာ ယကၠန္းစင္မ်ား ျပန္လည္ လည္ပတ္လာေသာေၾကာင့္ ဝါေစ်းျပန္တက္လာမည္ဟု ခန္႔မွန္းၿပီး ၂၀၁၄ ခုႏွစ္အတြင္း ၀ါးေစ်းမ်ားက်ဆင္းလာမႈေၾကာင့္ စိုက္ဧကေလွ်ာ့ခ်လိုက္သည့္ ေဒသတြင္း ဝါစိုက္ေတာင္သူမ်ားလည္း ပိုမိုစိုက္ပ်ိဳးလာေၾကာင္း သိရသည္။
“အရင္က ၀ါေစ်းက်ေနတာနဲ႔က လံုး၀မကိုက္ဘူးဆိုေတာ့ ေနာက္ပိုင္းမွာ ၀ါကိုအားထားျပီး မစိုက္ျဖစ္ေတာ့ဘဲ အျခားသီးႏွံ ေတြျဖစ္တဲ့ ငရုတ္၊ ပဲစင္းငံု တို႔ကိုပဲ အစားထိုး စိုက္ၾကေတာ့တယ္။”ဟု ၀ါစိုက္ေတာင္သူ တစ္ဦးျဖစ္သူ မတင္ေငြ က ေျပာသည္။
အဆိုပါေဒသတြင္ ၂၀၁၀ ခုႏွစ္အတြင္း ၀ါ တစ္ပိႆာလွ်င္ က်ပ္ (၅၀၀)ခန္႔သာရွိခဲ့သည့္ အတြက္ ဝါ စိုက္ပ်ိဳးမႈက်ဆင္းသြားၿပီး ၂၀၁၃ ခုႏွစ္အတြင္း ဝါ တစ္ပိႆာလွ်င္ က်ပ္ (၁၃၀၀) ၊ ၂၀၁၄ ခုႏွစ္အတြင္း ဝါတစ္ပိႆာလွ်င္ က်ပ္ (၈၀၀) နွင့္ ၂၀၁၅ ခုႏွစ္တြင္ က်ပ္ (၁၀၀၀)ေက်ာ္ ရိွခဲ့ေၾကာင္း သိရသည္။
“မ်ိဳးရိုးစဥ္ဆက္ ျမန္မာ၀ါမ်ိဳးကိုပဲ စိုက္လာၾကတာ။ ေနာက္ပိုင္း ၂၀၁၂ ေလာက္ကစျပီး ႏိုင္ငံေတာ္က အထြက္နႈန္း တိုးတဲ့၀ါ (ေငြခ်ည္ေျခာက္)ကို စိုက္ဖို႔ေျပာေတာ့ ေတာင္သူေတြအေနနဲ႔ကလည္း ထြက္ႏႈန္းတိုးတယ္ဆိုေတာ့ လိုက္စိုက္ၾကတာေပါ့။ ဒါေပမဲ့ အဲဒီ၀ါက အၾကမ္းမခံဘူး။ ပိုးက်တယ္ျပီးေတာ့ ေဆးျဖန္းရေတာ့ အပိုကုန္တယ္။ ဒါေပမဲ့ ျမန္မာ၀ါလိုမဟုတ္ဘူး ။ သူကေစ်းရတယ္။ ကိုရီးယားကို အဓိကတင္ပို႕တယ္လို႕ေတာ့ ၾကားတယ္။” ဟု ေတာင္သူ ေဒၚၾကည္ က ဆိုသည္။
မိတၳီလာခရုိင္အတြင္း ခ်ည္မ်ွင္ရွည္၀ါ ႏွင့္ ခ်ည္မ်ွင္တုိ၀ါ နွစ္မ်ဳိးစလုံးကုိ စုိက္ပ်ဳိးၾကျပီး ျမန္မာႏိုင္ငံမွထြက္ရွိ ေသာ၀ါမ်ားကို ကုန္ၾကမ္းအျဖစ္ တရုတ္၊အိႏိၵယ၊ထိုင္းႏိုင္ငံ၊ကိုရီးယား စေသာႏိုင္ငံမ်ားသို႔ အဓိက တင္ပို႔ေရာင္းခ်ျခင္း ျဖစ္ေၾကာင္း သိရသည္။
သတင္း။ ။ ေရႊေဇာ္
...........
မိတ္တီလာ၊ ဇွန်လ(၁၃)ရက်
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်အတွင်း ရပ်နားထားရသည့် ယက္ကန်းလုပ်ငန်းများ ကျေးရွာမီးရရှိရေး လုပ်ဆောင်ပေးမှုကြောင့် လုပ်ငန်းပြန်လည် လည်ပတ်လာကြောင်း သိရသည်။
“အခုအချိန်မှာ နိုင်ငံတော်ကလည်း ကျေးရွာမီးရရှိရေးတွေ လုပ်ဆောင်နပြေီး လျှပ်စစ်မီးရပြီဆိုတော့ ရွာက ယက္ကန်းစင်တွေက ပြန်လည် လည်ပတ်လာတယ်။” ဟု ဝါစိုက်တောင်သူ တစ်ဦးဖြစ်သူ ဦးသန်းအောင် ကဆိုသည်။
ယခင် ရပ်နားထားသော ယက္ကန်းစင်များ ပြန်လည် လည်ပတ်လာသောကြောင့် ဝါဈေးပြန်တက်လာမည်ဟု ခန့်မှန်းပြီး ၂၀၁၄ ခုနှစ်အတွင်း ဝါးဈေးများကျဆင်းလာမှုကြောင့် စိုက်ဧကလျှော့ချလိုက်သည့် ဒေသတွင်း ဝါစိုက်တောင်သူများလည်း ပိုမိုစိုက်ပျိုးလာကြောင်း သိရသည်။
“အရင်က ဝါဈေးကျနေတာနဲ့က လုံးဝမကိုက်ဘူးဆိုတော့ နောက်ပိုင်းမှာ ဝါကိုအားထားပြီး မစိုက်ဖြစ်တော့ဘဲ အခြားသီးနှံ တွဖြေစ်တဲ့ ငရုတ်၊ ပဲစင်းငုံ တို့ကိုပဲ အစားထိုး စိုက်ကြတော့တယ်။”ဟု ဝါစိုက်တောင်သူ တစ်ဦးဖြစ်သူ မတင်ငွေ က ပြောသည်။
အဆိုပါဒေသတွင် ၂၀၁၀ ခုနှစ်အတွင်း ဝါ တစ်ပိဿါလျှင် ကျပ် (၅၀၀)ခန့်သာရှိခဲ့သည့် အတွက် ဝါ စိုက်ပျိုးမှုကျဆင်းသွားပြီး ၂၀၁၃ ခုနှစ်အတွင်း ဝါ တစ်ပိဿါလျှင် ကျပ် (၁၃၀၀)၊ ၂၀၁၄ ခုနှစ်အတွင်း ဝါတစ်ပိဿါလျှင် ကျပ် (၈၀၀) နှင့် ၂၀၁၅ ခုနှစ်တွင် ကျပ် (၁၀၀၀)ကျော် ရှိခဲ့ကြောင်း သိရသည်။
“မျိုးရိုးစဉ်ဆက် မြန်မာဝါမျိုးကိုပဲ စိုက်လာကြတာ။ နောက်ပိုင်း ၂၀၁၂ လောက်ကစပြီး နိုင်ငံတော်က အထွက်နှုန်း တိုးတဲ့ဝါ (ငွေချည်ခြောက်)ကို စိုက်ဖို့ပြောတော့ တောင်သူတွေအနေနဲ့ကလည်း ထွက်နှုန်းတိုးတယ်ဆိုတော့ လိုက်စိုက်ကြတာပေါ့။ ဒါပေမဲ့ အဲဒီဝါက အကြမ်းမခံဘူး။ ပိုးကျတယ်ပြီးတော့ ဆေးဖြန်းရတော့ အပိုကုန်တယ်။ ဒါပေမဲ့ မြန်မာဝါလိုမဟုတ်ဘူး။ သူကဈေးရတယ်။ ကိုရီးယားကို အဓိကတင်ပို့တယ်လို့တော့ ကြားတယ်။” ဟု တောင်သူ ဒေါ်ကြည် က ဆိုသည်။
မိတ္ထီလာခရိုင်အတွင်း ချည်မျှင်ရှည်ဝါ နှင့် ချည်မျှင်တိုဝါ နှစ်မျိုးစလုံးကို စိုက်ပျိုးကြပြီး မြန်မာနိုင်ငံမှထွက်ရှိ သောဝါများကို ကုန်ကြမ်းအဖြစ် တရုတ်၊အိနိ္ဒယ၊ထိုင်းနိုင်ငံ၊ကိုရီးယား စသောနိုင်ငံများသို့ အဓိက တင်ပို့ရောင်းချခြင်း ဖြစ်ကြောင်း သိရသည်။
သတင်း။ ရွှေဇော်