မႏၱေလး၊ ဇြန္လ(၈)ရက္
အေသးစားအလတ္စား စီးပြားေရးလုပ္ငန္းမ်ား ေပၚေပါက္ေရးဦးတည္သည့္ “ေအာင္ျမင္မႈ ဆီလက္တြဲညီ Hands Together” အစီအစဥ္ကို မႏၱေလးၿမိဳ႕တြင္ ယေန႔ ဇြန္လ (၈) ရက္ေန႔က မိတ္ဆက္လိုက္ေၾကာင္း သိရသည္။
အဆိုပါ အစီအစဥ္သည္ စြန္႔ဦးတီထြင္ စီးပြားေရး စတင္လိုသည့္ လူငယ္မ်ားကို ဦးတည္ျခင္းျဖစ္ေၾကာင္း AAT Business Park တည္ေထာင္သူ ေဒၚေအးေအးသန္႔က ဆိုသည္။
ယင္းအစီအစဥ္တြင္ ကိုယ္ပိုင္စီးပြားေရး လုပ္ငန္းစတင္လိုသူမ်ား အေနႏွင့္ စီးပြားေရးအဆိုျပဳလႊာမ်ားကို ေလွ်ာက္လႊာတစ္ေစာင္လွ်င္က်ပ္(၃၀၀၀)ျဖင့္ ၀ယ္ယူ ျဖည့္စြက္ရမည္ျဖစ္ျပီး ဇူလိုင္(၁)ရက္ေန႔မတိုင္မီ ျပန္လည္တင္ျပရမည္ျဖစ္ေၾကာင္း သိရသည္။
အဆိုျပဳလႊာမွ ေရြးခ်ယ္ခံရသူမ်ားအား စီးပြားေရးဆိုင္ရာ သင္တန္းမ်ား အပါအဝင္၊ က်ပ္သိန္း (၂၀)၊ က်ပ္သိန္း (၃၀)၊ က်ပ္သိန္း(၅၀)တို႔ိကို အသီးသီးခ်ီးျမႇင့္သြားမည္ျဖစ္ေၾကာင္း သိရသည္။
သတင္း/ဓာတ္ပံု။ ။ ေရႊေဇာ္(မႏၱေလး)
...............
မန္တလေး၊ ဇွန်လ(၈)ရက်
အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းများ ပေါ်ပေါက်ရေးဦးတည်သည့် “အောင်မြင်မှု ဆီလက်တွဲညီ Hands Together” အစီအစဉ်ကို မန္တလေးမြို့တွင် ယနေ့ ဇွန်လ (၈) ရက်နေ့က မိတ်ဆက်လိုက်ကြောင်း သိရသည်။
အဆိုပါ အစီအစဉ်သည် စွန့်ဦးတီထွင် စီးပွားရေး စတင်လိုသည့် လူငယ်များကို ဦးတည်ခြင်းဖြစ်ကြောင်း AAT Business Park တည်ထောင်သူ ဒေါ်အေးအေးသန့်က ဆိုသည်။
ယင်းအစီအစဉ်တွင် ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းစတင်လိုသူများ အနေနှင့် စီးပွားရေးအဆိုပြုလွှာများကို လျှောက်လွှာတစ်စောင်လျှင်ကျပ်(၃၀၀၀)ဖြင့် ဝယ်ယူ ဖြည့်စွက်ရမည်ဖြစ်ပြီး ဇူလိုင်(၁)ရက်နေ့မတိုင်မီ ပြန်လည်တင်ပြရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပြုလွှာမှ ရွေးချယ်ခံရသူများအား စီးပွားရေးဆိုင်ရာ သင်တန်းများ အပါအဝင်၊ ကျပ်သိန်း (၂၀)၊ ကျပ်သိန်း (၃၀)၊ ကျပ်သိန်း(၅၀)တို့ကို အသီးသီးချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ။ ရွှေဇော်(မန္တလေး)