က်ဳိင္းတံု၊ ဇြန္လ(၂၇)
ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသ၊ က်ဳိင္းတံုၿမိဳ႕နယ္ဂီတအစည္းအရံုး၏ (၄)ႏွစ္ေျမာက္ ျမန္မာ့ဂီတေန႔အျဖစ္ ဂုဏ္ျပဳပြဲ အထိမ္းအမွတ္ အခမ္းအနားကို က်ဳိင္းတံုၿမိဳ႕၊ ေနာင္တံု(NT)စားေသာက္ဆိုင္တြင္ ယေန႔ ဇြန္လ(၂၇)ရက္ေန႔ နံနက္ပိုင္းက က်င္းပျပဳလုပ္ခဲ့ၿပီး၊ ျမန္မာႏိုင္ငံဂီတအစည္းအရံုး(ဗဟို) ဥကၠဌ ဦးတင္ဦးေလးမွ ပို႔ေပးသည့္ သ၀ဏ္လႊာအား ဖတ္ၾကားေၾကာင္း သိရသည္။
အဆိုပါ အခမ္းအနားသို႔ က်ဳိင္းတံုခရိုင္အုပ္ခ်ဳပ္ေရးမွဴး ႏွင့္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ တိုင္းရင္းသားေပါင္းစံု ယဥ္ေက်းမႈအဖြဲ႔မ်ား၊ ႏိုင္ငံေရးပါတီမ်ားႏွင့္ ဖိတ္ၾကားထားသည့္ ဌာနဆိုင္ရာ အႀကီးအကဲမ်ား၊ လူမႈေရးအသင္းအဖြဲ႔မ်ား၊ စီးပြားေရးလုပ္ငန္းရွင္မ်ား၊ က်ဳိင္းတံုၿမိဳ႕နယ္ဂီတအစည္းအရံုးမွ အဖြဲ႔၀င္မ်ား တက္ေရာက္ခဲ့ၾကသည္။
ဇြန္လ(၂၇)ရက္ေန႔တြင္ က်ေရာက္သည့္ က်ဳိင္းတံုၿမိဳ႕နယ္ဂီတအစည္းအရံုး၏ (၄)ႏွစ္ေျမာက္ ျမန္မာ့ဂီတေန႔အျဖစ္ ျမန္မာႏိုင္ငံဂီတအစည္းအရံုး(ဗဟို) ဥကၠဌ ဦးတင္ဦးေလးမွ ပို႔ေပးလာေသာ သ၀ဏ္လႊာအား က်ဳိင္းတံုၿမိဳ႕နယ္ဂီတအစည္းအရံုးမွ ဘ႑ာေရးမွဴး ေဒၚနန္းေနာ္က ဖတ္ၾကားၿပီးေနာက္ တက္ေရာက္လာသည့္ ဧည့္သည္ေတာ္မ်ားအား အေကြ်းအေမြးမ်ားျဖင့္ တည္ခင္းဧည့္ခံေၾကာင္း သိရသည္။
"က်ဳိင္းတံုၿမိဳ႕နယ္ဂီတအစည္းအရံုးကို ေကာ္မတီ၀င္ (၁၁)ဦး နဲ႔ ဖြဲ႔စည္းထားပါတယ္၊ ကြ်န္ေတာ္တို႔ အစည္းအရံုးမွာ အဖြဲ႔၀င္ေတြ အမ်ားႀကီး လိုအပ္ေနပါတယ္။ ေဒသခံ ဂီတ၀ါသနာရွင္မ်ားနဲ႔ တိုင္းရင္းသားေတးသံရွင္၊ ၀ါသနာရွင္မ်ားလည္း အဖြဲ႔၀င္အျဖစ္ ၀င္ေရာက္ႏိုင္ပါတယ္"ဟု က်ဳိင္းတံုၿမိဳ႕နယ္ဂီတအစည္းအရံုးမွ အဖြဲ႔၀င္ ဦးေန၀င္းက ေျပာသည္။
က်ဳိင္းတံုၿမိဳ႕နယ္ဂီတအစည္းအရံုးသို႔ အဖြဲ႔၀င္အျဖစ္ ၀င္ေရာက္လိုပါက က်ဳိင္းတံုၿမိဳ႕ရွိ ဆိုင္ေမာ၀္း ေတးဂီတ၊ Moon Flower ေတးဂီတ၊ ႏွင့္ လြယ္တိုင္းရင္းသူ ေဒၚနန္းေနာ္ တို႔ထံတြင္ ဆက္သြယ္စံုစမ္းကာ အဖြဲ႔၀င္အျဖစ္ ၀င္ေရာက္ႏိုင္မွာ ျဖစ္ေၾကာင္း သိရသည္။
သတင္း။ ။ ကိုေဇာင္း
ဓာတ္ပံု။ ။ က်ဳိင္းတံုၿမိဳ႕နယ္ဂီတအစည္းအရံုး
.....................
ကျိုင်းတုံ၊ ဇွန်လ(၂၇)
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ ကျိုင်းတုံမြို့နယ်ဂီတအစည်းအရုံး၏ (၄)နှစ်မြောက် မြန်မာ့ဂီတနေ့အဖြစ် ဂုဏ်ပြုပွဲ အထိမ်းအမှတ် အခမ်းအနားကို ကျိုင်းတုံမြို့၊ နောင်တုံ(NT)စားသောက်ဆိုင်တွင် ယနေ့ ဇွန်လ(၂၇)ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပြီး၊ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) ဥက္ကဌ ဦးတင်ဦးလေးမှ ပို့ပေးသည့် သဝဏ်လွှာအား ဖတ်ကြားကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ကျိုင်းတုံခရိုင်အုပ်ချုပ်ရေးမှူး နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသားပေါင်းစုံ ယဉ်ကျေးမှုအဖွဲ့များ၊ နိုင်ငံရေးပါတီများနှင့် ဖိတ်ကြားထားသည့် ဌာနဆိုင်ရာ အကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ကျိုင်းတုံမြို့နယ်ဂီတအစည်းအရုံးမှ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
ဇွန်လ(၂၇)ရက်နေ့တွင် ကျရောက်သည့် ကျိုင်းတုံမြို့နယ်ဂီတအစည်းအရုံး၏ (၄)နှစ်မြောက် မြန်မာ့ဂီတနေ့အဖြစ် မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) ဥက္ကဌ ဦးတင်ဦးလေးမှ ပို့ပေးလာသော သဝဏ်လွှာအား ကျိုင်းတုံမြို့နယ်ဂီတအစည်းအရုံးမှ ဘဏ္ဍာရေးမှူး ဒေါ်နန်းနော်က ဖတ်ကြားပြီးနောက် တက်ရောက်လာသည့် ဧည့်သည်တော်များအား အကျွေးအမွေးများဖြင့် တည်ခင်းဧည့်ခံကြောင်း သိရသည်။
"ကျိုင်းတုံမြို့နယ်ဂီတအစည်းအရုံးကို ကော်မတီဝင် (၁၁)ဦး နဲ့ ဖွဲ့စည်းထားပါတယ်၊ ကျွန်တော်တို့ အစည်းအရုံးမှာ အဖွဲ့ဝင်တွေ အများကြီး လိုအပ်နေပါတယ်။ ဒေသခံ ဂီတဝါသနာရှင်များနဲ့ တိုင်းရင်းသားတေးသံရှင်၊ ဝါသနာရှင်များလည်း အဖွဲ့ဝင်အဖြစ် ဝင်ရောက်နိုင်ပါတယ်"ဟု ကျိုင်းတုံမြို့နယ်ဂီတအစည်းအရုံးမှ အဖွဲ့ဝင် ဦးနေဝင်းက ပြောသည်။
ကျိုင်းတုံမြို့နယ်ဂီတအစည်းအရုံးသို့ အဖွဲ့ဝင်အဖြစ် ဝင်ရောက်လိုပါက ကျိုင်းတုံမြို့ရှိ ဆိုင်မောဝ်း တေးဂီတ၊ Moon Flower တေးဂီတ၊ နှင့် လွယ်တိုင်းရင်းသူ ဒေါ်နန်းနော် တို့ထံတွင် ဆက်သွယ်စုံစမ်းကာ အဖွဲ့ဝင်အဖြစ် ဝင်ရောက်နိုင်မှာ ဖြစ်ကြောင်း သိရသည်။
သတင်း။ ကိုဇောင်း
ဓာတ်ပုံ။ ကျိုင်းတုံမြို့နယ်ဂီတအစည်းအရုံး