သရက်ဘိလပ်မြေစက်ရုံ၌ ကျောက်မီးသွေး လောင်စာသုံးမည့်အစီအစဉ်ကို ဒေသခံများ ကန့်ကွက်
သရက်ဘိလပ်မြေစက်ရုံ၌ ကျောက်မီးသွေး လောင်စာသုံးမည့်အစီအစဉ်ကို ဒေသခံများ ကန့်ကွက်
ဇှနျ 6, 2016
By Tachileik News Agency
မကွေး၊ ဇွန်လ (၆) ရက်
သရက်ဘိလပ်မြေစက်ရုံအား  တရုတ်နိုင်ငံမှ  Jidong ကုမ္ပဏီနှင့် ပူးပေါင်း၍ တစ်နေ့လျှင် ဘိလပ်မြေ တန် - ၅၀၀ (အိတ် ၁၀,၀၀၀)ခန့် ထုတ်လုပ်နေရာမှ ထုတ်ကုန်(၅)ဆ တိုးမြှင့်ထုတ်လုပ်နိုင်ရန်အတွက်  ကျောက်မီးသွေး လောင်စာသုံး၍ လည်ပတ်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။
ကျောက်မီးသွေးလောင်စာသုံး စက်ရုံအဖြစ် ထုတ်ကုန်တိုးမြှင့်လုပ်ဆောင်ဖြစ်မည်ဆိုပါက လက်ရှိ တူးဖော်ထုတ်လုပ်နေသော ထုံးကျောက်တောင်ကြီးမှာ (၃)နှစ်ခန့်အတွင်း လုံးဝပျောက်ကွယ်သွားနိုင်မည် ဖြစ်ပြီး အဆိုပါစက်ရုံအတွက် တရုတ်နိုင်ငံမှ လုပ်သား(၃၀၀)ခန့်ခေါ်ယူလာမည်ဟုလည်း သိရှိသောကြောင့် ဒေသခံများအနေဖြင့် ကန့်ကွက်မှု ပြင်းထန်နေခြင်းဖြစ်ကြောင်း သိရသည်။
သတင်း။  ။ ဖီးနစ်(မကွေး)
...............
မကွေး၊ ဇွန်လ (၆) ရက်
မကွေးတိုင်းဒေသကြီး၊သရက်မြို့ရှိ ဘိလပ်မြေစက်ရုံ အမှတ်(၁)အား ထုတ်ကုန်တိုးမြှင့်ထုတ်လုပ် နိုင်ရန်အတွက် ကျောက်မီးသွေးလောင်စာသုံး၍ လည်ပတ်ရန် စီစဉ်နေသည့်အပေါ် ဒေသခံများ၏ ကန့် ကွက်မှုများရှိနေကြောင်း သိရသည်။
“စက်ရုံစတည် ပြီးနောက်ပိုင်း စက်ရုံအနီးက ကွမ်းစိုက်ပျိုးသူတွေ ကွမ်းပင်စိုက်မရတော့လို့ လုပ်ငန်း ရပ်ဆိုင်းလိုက်ရတဲ့အထိဖြစ်ခဲ့ပြီး တခြားသီးနှံစိုက်ပျိုးမှုတွေမှာလည်း ထွက်နှုန်းကျဆင်းသွားခဲ့ရပါတယ်။ ရွှံ့ပုပ်နံ့နဲ့ မီးခိုးမှိုင်းတွေရဲ့ ဒဏ်ကိုလည်း ဒေသခံတွေ ခံစားခဲ့ရတာကြောင့် တီဘီဖြစ်ပွားတဲ့ လူနာတွေ တိုးပွားလာနေပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဒေသခံတွေ အနေနဲ့ ဆက်လက်ပြီး ကန့်ကွက်သွားမှာပါ”ဟု သရက်မြို့မှ သဘာဝပတ်ဝန်းကျင်ချစ်သူများအဖွဲ့ အတွင်းရေးမှူး ဦးအောင်ဝင်းတင်က ပြောသည်။
သရက်ဘိလပ်မြေစက်ရုံအား တရုတ်နိုင်ငံမှ Jidong ကုမ္ပဏီနှင့် ပူးပေါင်း၍ တစ်နေ့လျှင် ဘိလပ်မြေ တန် - ၅၀၀ (အိတ် ၁၀,ဝဝဝ)ခန့် ထုတ်လုပ်နေရာမှ ထုတ်ကုန်(၅)ဆ တိုးမြှင့်ထုတ်လုပ်နိုင်ရန်အတွက် ကျောက်မီးသွေး လောင်စာသုံး၍ လည်ပတ်ရန် စီစဉ်နခြေင်းဖြစ်ကြောင်း သိရသည်။
“တရုတ်နိုင်ငံမှာ ကျောက်မီးသွေး လောင်စာသုံးစက်ရုံတွေရဲ့ ဒဏ်ကို အလူးအလဲ ခံစားနေရတာကြောင့် ၂၀၁၅ ခုနှစ်စစ်တမ်းအရ ကျောက်မီးသွေးစက်ရုံပေါင်း (၆၀၀၀)လောက်ကို ပိတ်လိုက် တယ်လို့ သိရပါတယ်။ လေထုညစ်ညမ်းမှုကြောင့် သူတို့နိုင်ငံက ပြည်သူတွေ နှာခေါင်းစည်းတွေနဲ့ သွားလာ နကြေရပြီ”ဟု ဒေါက်တာထွန်းလွင်က ပြောကြားသည်။
ကျောက်မီးသွေးလောင်စာသုံး စက်ရုံအဖြစ် ထုတ်ကုန်တိုးမြှင့်လုပ်ဆောင်ဖြစ်မည်ဆိုပါက လက်ရှိ တူးဖော်ထုတ်လုပ်နေသော ထုံးကျောက်တောင်ကြီးမှာ (၃)နှစ်ခန့်အတွင်း လုံးဝပျောက်ကွယ်သွားနိုင်မည် ဖြစ်ပြီး အဆိုပါစက်ရုံအတွက် တရုတ်နိုင်ငံမှ လုပ်သား(၃၀၀)ခန့်ခေါ်ယူလာမည်ဟုလည်း သိရှိသောကြောင့် ဒေသခံများအနဖြေင့် ကန့်ကွက်မှု ပြင်းထန်နခြေင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ စက်ရုံအား ၁၉၃၅ ခု အင်္ဂလိပ်လက်ထက်ကတည်းက တည်ဆောက်၍ လက်ရှိအချိန်ထိ နာမည်ရနေသည့် မြင်းခေါင်းတံဆိပ် ဖြင့် ဘိလပ်မြေထုတ်လုပ်ခဲ့ခြင်းဖြစ်ရာ နှစ်ပေါင်း(၈၀)ကျော်ခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။
သတင်း။ ဖီးနစ်(မကွေး)
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~