ဘာသာျပန္၊ ဇြန္လ(၇)
စာမၾကည့္ဘဲ အေဆာ့မက္တဲ့ (၁၀)ႏွစ္အရြယ္သမီးငယ္ကို စိတ္တိုသြားတဲ့ ဖခင္ျဖစ္သူက ကတ္ေၾကးနဲ႔ ပစ္လိုက္တာေၾကာင့္ ကေလးရဲ႕ေခါင္းကို စိုက္ဝင္သြားလို႔ ေဆးရံုကို အေရးေပၚတင္ပို႔လုိက္ရပါတယ္။
တရုတ္ႏုိင္ငံ ရွန္ဟိုင္းၿမိဳ႕က ေဆးရံုအေရးေပၚဌာနကို ဇြန္လ (၃) ရက္ေန႔က ဦးေခါင္းခြံမွာ ေျခာက္လက္မအရြယ္ ကတ္ေၾကးရဲ႕ အဖ်ားစိုက္ဝင္ေနတဲ့ အဲဒီကေလး ေရာက္လာတာျဖစ္ပါတယ္။
အိမ္စာမလုပ္ဘဲ ေဆာ့ကစားေနတဲ့ သမီးျဖစ္သူကို ေျခာက္လွန္႔တဲ့အေနနဲ႔ ပစ္လိုက္တာလို႔ ဖခင္ျဖစ္သူကို ဆိုေပမဲ့ ကေလးငယ္ကေတာ့ ဘာမွ မမွတ္မိဘူးလို႔ ဆိုပါတယ္။
ဖခင္ျဖစ္သူ ေျပာတာကေတာ့ အိမ္စာမလုပ္ဘဲ သူ႔ေမာင္ေလးနဲ႔ ကစားေနတဲ့ သမီးျဖစ္သူက ေျပာဆိုရင္း လက္က ရမ္းလိုက္တာေၾကာင့္ သူ႔လက္ထဲရိွတဲ့ ကတ္ေၾကးက မေတာ္တဆ ေခ်ာ္ထြက္သြားတာလို႔ ဆိုပါတယ္။
ရွန္ဟိုင္းက ဆင္ဟြာေဆးရံုမွာ ကေလးရဲ႕ေခါင္းကကတ္ေၾကးကို ထုတ္ဖို႔ နာရီမ်ားစြာ ခြဲစိတ္ခ့ဲရပါတယ္။ ကတ္ေၾကးစိုက္ဝင္တဲ့ေနရာက ဦးေႏွာက္နားက ပင္မေသြးေၾကာနဲ႔ ကပ္ေနတယ္လို႔ ဆရာဝန္ေတြေျပာပါတယ္။
ကေလးငယ္ သတိရလာခ်ိန္မွာေတာ့ ဘာကိုမွ မမွတ္မိေတာ့ဘူးလို႔ ဆိုပါတယ္။ ရွန္ဟိုင္းတီဗီြက သတင္းေထာက္ေတြကို သူအိမ္စာလုပ္ေနတာကလြဲၿပီး က်န္တာ မမွတ္မိဘူးလို႔ ကေလးက ေျပာပါတယ္။
ဒီကေလးရဲ႕မိဘေတြဟာ အန္ေဟြးျပည္နယ္ကေန ရွန္ဟိုင္းမွာ အလုပ္လာလုပ္ေနၾကတာလို႔ သိရပါတယ္။ လက္ရိွမွာေတာ့ ကေလးရဲ႕ဖခင္ျဖစ္သူကို အေရးယူမလားဆိုတာေတာ့ မေသခ်ာေသးပါဘူး။
ဘာသာျပန္။ ။ နန္းေမာက္ကြမ္
Ref; kapook. dailymail
...........
ဘာသာပြန်၊ ဇွန်လ(၇)
စာမကြည့်ဘဲ အဆော့မက်တဲ့ (၁၀)နှစ်အရွယ်သမီးငယ်ကို စိတ်တိုသွားတဲ့ ဖခင်ဖြစ်သူက ကတ်ကြေးနဲ့ ပစ်လိုက်တာကြောင့် ကလေးရဲ့ခေါင်းကို စိုက်ဝင်သွားလို့ ဆေးရုံကို အရေးပေါ်တင်ပို့လိုက်ရပါတယ်။
တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့က ဆေးရုံအရေးပေါ်ဌာနကို ဇွန်လ (၃) ရက်နေ့က ဦးခေါင်းခွံမှာ ခြောက်လက်မအရွယ် ကတ်ကြေးရဲ့ အဖျားစိုက်ဝင်နေတဲ့ အဲဒီကလေး ရောက်လာတာဖြစ်ပါတယ်။
အိမ်စာမလုပ်ဘဲ ဆော့ကစားနေတဲ့ သမီးဖြစ်သူကို ခြောက်လှန့်တဲ့အနေနဲ့ ပစ်လိုက်တာလို့ ဖခင်ဖြစ်သူကို ဆိုပေမဲ့ ကလေးငယ်ကတော့ ဘာမှ မမှတ်မိဘူးလို့ ဆိုပါတယ်။
ဖခင်ဖြစ်သူ ပြောတာကတော့ အိမ်စာမလုပ်ဘဲ သူ့မောင်လေးနဲ့ ကစားနေတဲ့ သမီးဖြစ်သူက ပြောဆိုရင်း လက်က ရမ်းလိုက်တာကြောင့် သူ့လက်ထဲရှိတဲ့ ကတ်ကြေးက မတော်တဆ ချော်ထွက်သွားတာလို့ ဆိုပါတယ်။
ရှန်ဟိုင်းက ဆင်ဟွာဆေးရုံမှာ ကလေးရဲ့ခေါင်းကကတ်ကြေးကို ထုတ်ဖို့ နာရီများစွာ ခွဲစိတ်ခဲ့ရပါတယ်။ ကတ်ကြေးစိုက်ဝင်တဲ့နေရာက ဦးနှောက်နားက ပင်မသွေးကြောနဲ့ ကပ်နေတယ်လို့ ဆရာဝန်တွေပြောပါတယ်။
ကလေးငယ် သတိရလာချိန်မှာတော့ ဘာကိုမှ မမှတ်မိတော့ဘူးလို့ ဆိုပါတယ်။ ရှန်ဟိုင်းတီဗွီက သတင်းထောက်တွေကို သူအိမ်စာလုပ်နေတာကလွဲပြီး ကျန်တာ မမှတ်မိဘူးလို့ ကလေးက ပြောပါတယ်။
ဒီကလေးရဲ့မိဘတွေဟာ အန်ဟွေးပြည်နယ်ကနေ ရှန်ဟိုင်းမှာ အလုပ်လာလုပ်နကြေတာလို့ သိရပါတယ်။ လက်ရှိမှာတော့ ကလေးရဲ့ဖခင်ဖြစ်သူကို အရေးယူမလားဆိုတာတော့ မသေချာသေးပါဘူး။
ဘာသာပြန်။ နန်းမောက်ကွမ်
Ref; kapook. dailymail