ဘာသာပြန်၊ ဇွန်လ(၂၁)
ဘာသာပြန်။ ။ နန်းမောက်ကွမ်
Ref; chinatimes
.............
ဘာသာပြန်၊ ဇွန်လ(၂၁)
တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ် ကျီနန်မြို့တွင် ယခုနှစ်အပူချိန် ၃၅ ဒီဂရီဆဲလ်ဆီးရက်စ်ဖြင့် အမြင့်ဆုံး အပူချိန်ရောက်နေတယ်လို့ သိရပါတယ်။
ပြင်းထန်တဲ့ နေအပူချိန်ကို အခွင့်ကောင်းယူပြီး ကားပေါ်မှာ သဘာဝအကင်တွေ ကင်စားကြပါတယ်။ ဇွန်လ (၁၇)ရက်နေ့က ဖော်ပြထားတဲ့ ချိုင်းနားတိုင်းမ်သတင်းမှာ ဆန်းတုန်းပြည်နယ်က အိမ်ရှင်မတစ်ဦးဟာ ကားအနောက်ဖုံးပေါ်မှာ ပုဇွန်အစိမ်း၊ အသားစိမ်း၊ ကြက်ဥတွေတင်ထားပြီး ကင်နေတာပါ။ တစ်နာရီအကြာမှာ အသားတွေ၊ ကြက်ဥတွေ ကျက်သွားတယ်လို့ သိရပါတယ်။
ဒီလိုအခွင့်ရေး အသုံးပြုပြီး မီးအစား နေပူချိန်နဲ့ ကင်တာ အတူတူနီးပါး ကျက်တယ်လို့ ဆိုပါတယ်။
တချို့နိုင်ငံမှာ မိုးရာသီရောက်နေပေမဲ့ တရုတ်နိုင်ငံ အချို့ဒေသတွေမှာ ပြင်းထန်တဲ့ အပူချိန်နဲ့ ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။
ကျီနန်မြို့ ရဲ့အပူချိန်ဟာ ဇွန်လ (၁၇)ရက်နေ့မှာ ၃၅ ဒီဂရီ ဆဲလ်စီးယပ်စ် ရှိခဲ့တယ်လို့ သိရပါတယ်။
ဘာသာပြန်။ နန်းမောက်ကွမ်
Ref; chinatimes