ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်၊ တာချီလိတ် ရွှေတိဂုံစေတီတော်ရင်ပြင်ရှိ ပိဋကတ်ကျောက်စာတိုက်၌ ဂုံရှမ်းဘာသာဖြင့် ပိဋကတ်ကျောက်စာချပ် (၂၀၄၁)ချပ်ကို စိုက်ထူထားရှိရန်အတွက် နဂါးနှစ်ကောင် ဆရာတော်ဘုရားကြီးမှ ကြိုးပမ်း ဆောင်ရွက်နေလျက်ရှိရာ ယနေ့ ၂၀၁၅ခုနှစ် မေလ(၉)ရက် နံနက်ပိုင်းက ကျောက်စာချပ် စိုက်ထူပွဲကို ကျင်းပပြုလုပ်ရာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်မှ တက်ရောက်သည်။
ကျိုင်းတုံမြို့မှ တဆင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နှင့် ပြည်ထောင်စု ၀န်ကြီးများ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် ၀န်ကြီးများသည် မေလ(၉)ရက် နံနက် (၈း၂၅)နာရီအချိန်က တာချီလိတ် ရွှေတိဂုံစေတီတော်ရှိ ပိဋကတ်ကျောက်စာတိုက်သို့ ရောက်ရှိလာပြီး ကျောက်စာချပ်များအား စိုက်ထူခဲ့ကြသည်။
ကျောက်စာချပ်များကို စိုက်ထူခဲ့ကြပြီးနောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နှင့် အဖွဲ့သည် မြန်မာ - လာအို နှစ်နိုင်ငံ ချစ်ကြည်ရေးတံတား ဖွင့်လှစ်ရန်အတွက် တာချီလိတ်လေဆိပ်မှ တဆင့် ကျိုင်းလပ်မြို့သို့ ထွက်ခွာသွားကြသည်။
နဂါးနှစ်ကောင်ကျောင်းတိုက် အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက အဂ္ဂမဟာပဏ္ဍိတ Honorary Ph.D. နဂါးနှစ်ကောင်ဆရာတော် ဘုရားကြီး "ဘဒ္ဒန္တဓမ္မသီရိ"မှ ဦးဆောင်ပြီး ဆောင်ရွက်နေလျက်ရှိသည့် ပိဋကတ်ကျောက်စာချပ်များ စိုက်ထူမှုကို ၂၀၁၃ခုနှစ် မေလ(၂၂)ရက်နေ့က စတင်ခဲ့တာဖြစ်ကြောင်း သိရသည်။
ဓါတ်ပုံ။ ။ ဇောင်းညီ
ပုံများကိုကြည့်ရန်