ထိုင်း - မြန်မာ နယ်စပ်ဒေသမြို့ဖြစ်သည့် တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ အိမ်အမှတ် (၄/၁၄၃)တွင် နေထိုင်သူ အသက်(၃၄)နှစ်ရှိ ဒေါ်နန်းနွန်းသည် မျက်စိဝေဒနာကို ခံစားနေရပြီး ဆေးဝါးကုသရန်အတွက် အကူအညီ လိုအပ်နေမှုများဖြစ်ပေါ်ခဲ့ရာ တာချီလိတ်သတင်းအေဂျင်စီတွင် သတင်းဖော်ပြခဲ့ပြီးနောက် အလှူရှင်များမှ ဆက်သွယ်လှူဒါန်းလာလျက်ရှိပြီး ယနေ့ မေလ(၁၂)ရက်နေ့တွင်လည်း မျက်စိဝေဒနာရှင် ဒေါ်နန်းနွန်းအတွက် စေတနာရှင်များမှ လှူဒါန်းလာလျက်ရှိကြောင်း သိရသည်။
တဆက်တည်းမှာပင် ရဲအုပ်စံသိန်း + ဒေါ်သဲလျာဝင်း ( "စံ"အိမ်ခြံမြေအထွေထွေဝန်ဆောင်မှု လုပ်ငန်းနှင့် မြန်မာတိုးနယား(၂) လေယာဉ်လက်မှတ်အရောင်းဌာန ) မိသားစုမှ မျက်စိဝေဒနာရှင်အတွက် အလှူငွေ ငါးသောင်းကျပ်တိတိကို ပေးအပ်လှူဒါန်းခဲ့သည်။
ယခုလို ပြင်းထန်သော မျက်စိဝေဒနာ စတင်ဖြစ်ပွားလာမှုကို တိတိကျကျအနေဖြင့် ကာယကံရှင်များမှ မဖြေကြားနိုင်သော်လည်း ယခုလိုခံစားနေရမှုကြောင့် ကျန်းမာရေး နှင့် စားဝတ်နေရေးအတွက်လည်း အခက်အခဲဖြစ်ပေါ်နေကြောင်း သိရှိရသည်။
မျက်စိဝေဒနာအား ခံစားနေရသူ ဒေါ်နန်းနွန်းအား ငွေကြေးဖြင့်ဖြစ်စေ၊ စားသောက်ဖွယ်ရာများဖြင့် ဖြစ်စေ၊ ဆေးဝါးကုသပေးလို၍ဖြစ်စေ စေတနာရှင်များအနေဖြင့် အောက်ဖော်ပြပါ လိပ်စာများမှတဆင့် ဆက်သွယ်၍ ကူညီနိုင်မှာဖြစ်ပါသည်။
ဆက်သွယ်ကူညီနိုင်မည့် လိပ်စာများ
သူရိယ - သင်္ကန်းတိုက်
ဦးအောင်ဖြိုးရှိန် (မြို့နယ်သတင်းထောက် )
မြန်မာဖုန်း။ ။ 094-3136431
ထိုင်းဖုန်း ။ ။ 0897558729
အကောက်ခွန်ရုံးဘေး(မျက်စောင်းထိုး)၊ ဗိုလ်ချုပ်လမ်း၊ ၀မ်ကောင်းရပ်၊ တာချီလိတ်မြို့။
ဦးစိုင်းဆင်
ရပ်ကွက်အုပ်ချုပ်ရေးမှူး
မြန်မာဖုန်း။ ။ 09-5240568၊
ထိုင်းဖုန်း။ ။ 0908903116
ဆန်ဆိုင်း(က)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊ တာချီလိတ်မြို့။
ဆက်စပ်သတင်း
တာချီလိတ်မှ မျက်စိဝေဒနာရှင်အတွက် အကူအညီများ လိုအပ်နေ
http://www.tachileik.net/2015/04/eyeh.html