သင်္ကြန်ကာလအတွင်း မှုခင်းလျော့ပါးရေး အတွက် တာချီလိတ်ရဲတပ်ဖွဲ့မှ အသိပညာပေး

သင်္ကြန်ကာလအတွင်း မှုခင်းလျော့ပါးရေး အတွက် တာချီလိတ်ရဲတပ်ဖွဲ့မှ အသိပညာပေး
ဧပြီ 5, 2015
By Tachileik News Agency

မူးယစ်ဆေးဝါးအန္တရာယ်ကင်းရှင်းရေးနှင့် မှုခင်းကျဆင်းရေးအတွက် အများပြည်သူများအား မှုခင်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲများ သင်္ကြန်ကာလအတွင်း ပြုလုပ်လျှက်ရှိကြောင်း တာချီလိတ်ရဲစခန်းမှ သိရသည်။

“သင်္ကြန်ကာလမှာ မှုခင်းဖြစ်ပွားမှုမရှိအောင် အများပြည်သူများအနေနဲ့ မှုခင်းဆိုင်ရာ ပြစ်မှုပြစ်ဒဏ်တွေ သိရှိဖို့အတွက် အသိပညာပေးမှုတွေအဖြစ် ဟောပြောပွဲတွေ ဆောင်ရွက်တာပါ”ဟု တာချီလိတ် မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ကျော်သန်းမှပြောသည်။

မြို့ပေါ်တွင် မသင်္ကာဖွယ် အခြေအနေနှင့် ထူးခြားဖြစ်ရပ်များ၊ မှုခင်းများဖြစ်ပွားပါက တာချီလိတ် ရဲစခန်းသို့  အချိန်မရွေး အများပြည်သူများအနေဖြင့် ဖုန်းဆက်အကြောင်းကြားပေးရန် ၎င်းမှ ပြောကြားသည်။

မှုခင်းလျော့နည်းရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်ကင်းရှင်းရေး ဟောပြောမှုအား တာချီလိတ်မြို့ ၀မ်ကောင်းရပ်ကွက်အုပ်ချုပ်ရေးမှူးတွင် တာချီလိတ် မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ကျော်သန်း နှင့် အဖွဲ့မှ ယနေ့ ဧပြီလ (၅)ရက်နေ့ နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့ပြီး ဒေသခံ ပြည်သူ (၃၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

 Tachileik Online News ( www.tachileik.net  ) 
~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~