ထိုင်းနိုင်ငံ၌ သင်္ကြန်(၂)ရက်အတွင်း ယာဉ်တိုက်မှုပေါင်း (၇၂၃)မှုဖြစ်ပွားခဲ့ပြီး လူပေါင်း(၅၉)ဦးသေဆုံးခဲ့ကာ (၇၆၅)ဦး ဒဏ်ရာရ

ထိုင်းနိုင်ငံ၌ သင်္ကြန်(၂)ရက်အတွင်း ယာဉ်တိုက်မှုပေါင်း (၇၂၃)မှုဖြစ်ပွားခဲ့ပြီး လူပေါင်း(၅၉)ဦးသေဆုံးခဲ့ကာ (၇၆၅)ဦး ဒဏ်ရာရ
ဧပြီ 13, 2015
By Tachileik News Agency

ထိုင်းနိုင်ငံ၏ သင်္ကြန်ကာလ (၂)ရက်အတွင်း ယာဉ်တိုက်မှုပေါင်း(၇၂၃)မှုဖြစ်ပွားပြီး လူပေါင်း (၅၉)ဦးသေဆုံးခဲ့ကာ (၇၆၅)ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းနိုင်ငံ ချင်းရိုင်း သတင်းဌာန၏ ဖော်ပြထားချက်အရ သိရသည်။

( Photo  chiangraitimes.com )

ထိုင်းနိုင်ငံ၏ သင်္ကြန်အား အန္တရာယ်ရှိသော (၇)ရက်ဟု ဖော်ပြထားပြီး (၂)ရက်အတွင်း လူပေါင်း(၅၉)ဦး ယာဉ်မတော်တဆမှုနှင့် သေဆုံးသွားခဲ့ကြောင်း ထိုင်းနိုင်ငံ အမြန်လမ်း ဘေးအန္တရာယ်ဘေးကင်းလုံခြုံရေး စင်တာ၏ ထုတ်ပြန်ချက်အရ သိရသည်။

၎င်းလမ်းဘေးအန္တရာယ်ဘေးကင်းလုံခြုံရေး စင်တာမှ ပြောရေးဆိုခွင့်ရှိသူ Pol Lt Gen Suveera Songetta ၏ ပြောကြားချက်အရ ယမန်နေ့က ယာဉ်တိုက်မှုပေါင်း(၃၉၉) မှုဖြစ်ပွားခဲ့ပီး လူပေါင်း (၄၁၇)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ (၃၄)ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဧပြီလ(၉)ရက်နှင့် (၁၀)ရက် (၂)ရက်အတွင်း ထိုင်းနိုင်ငံ တစ်ဝှမ်း ယာဉ်တိုက်မှုပေါင်း (၇၂၃)မှုဖြစ်ပွားခဲ့ပြီး လူပေါင်း(၅၉)ဦးသေဆုံးခဲ့ကာ (၇၆၅)ဦး ဒဏ်ရာရှိခဲ့ကြောင်း ၎င်းမှပြောကြားခဲ့သည်။

ယာဉ်တိုက်မှုများတွင် အများအားဖြင့် ယာဉ်မောင်းသူများ အရက်သေစာ သောက်စားခြင်းကြောင့် မတော်တဆမှုများ ဖြစ်ပွားခြင်းဖြစ်ကြောင်း နှင့် ယာဉ်တိုက်မှုအများဆုံး ဖြစ်ပွားအချိန်မှာ ညနေ (၄)နာရီနှင့် (၈)နာရီကြားဖြစ်ကြောင်း သိရသည်။

ဘာသာပြန်။   ။ ဇက်(Z)
Photo & Ref; chiangraitimes.com

 #TachileikNewsAgency
#TachileikOnlineNews
www.tachileik.net  

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~