တာချီလိတ်၌ အမည်သုံးမျိုး ပါဝင်သည့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

တာချီလိတ်၌ အမည်သုံးမျိုး ပါဝင်သည့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
ဧပြီ 5, 2015
By Tachileik News Agency

တာချီလိတ်မြို့ ၀ိန်းကျောက်ရပ်ကွက်အတွင်း၌ စိတ်ကြွဆေးပြားများ အပါအ၀င် ဘိန်းဖြူများ နှင့် Ice(အိုက်စ်)များကို မူးယစ်တပ်ဖွဲ့စု (၃၀)တာချီလိတ် နှင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ ယနေ့ ဧပြီလ(၅)ရက် နေ့လယ်ပိုင်းတွင် ဖမ်းဆီး သိမ်းဆည်းရမိကြောင်း မူးယစ်တပ်ဖွဲ့မှ သိရသည်။

တာချီလိတ်မြို့ ၀ိန်းကျောက်ရပ်ကွက်ရှိ နေအိမ်တိုက်ခန်းငှားတစ်ခုတွင် မူးယစ်ဆေးဝါး သတင်းအရ ၀င်ရောက်ရှာဖွေရာမှ အခန်းပိုင်ရှင် အားချိန် နှင့် မအေရုပ်တို့ နှစ်ဦးအား အသင့်တွေ့ရှိရပြီး ဆက်လက်ရှာဖွေရာ နေအိမ်မီးဖိုဆောင်နှင့် နေအိမ် အိပ်ခန်းအတွင်းတို့မှ စိတ်ကြွဆေးပြားများ နှင့် ဘိန်းဖြူများကို ရှာဖွေ သိမ်းဆည်းရမိတာ ဖြစ်ကြောင်း သိရသည်။

ရှာဖွေ သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများတွင် စိတ်ကြွဆေးပြား စုစုပေါင်း (၂၄၅)ပြား နှင့် အလေးချိန် (၄၀.၉)ဂရမ်ခန့် ရှိသည့် ဘိန်းဖြူများ အပြင် အလေးချိန် (၆)ဂရမ်ခန့်ရှိသည့် Ice(အိုက်စ်)အဖြူရောင် ပုံဆောင်ခဲများကိုလည်း ရှာဖွေသိမ်းဆည်းရမိတာ ဖြစ်ကြောင်း တာချီလိတ်မူးယစ်တပ်ဖွဲ့မှ သိရသည်။

ဆက်လက်၍ မူးယစ်ဆေးဝါးများနှင့်အတူ တွေ့ရှိရသူ အားချိန် နှင့် မအေရုပ် တို့အား တာချီလိတ်မြို့မ ရဲစခန်းတွင် မယ(ပ)၅၂/၂၀၁၅၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၀(က)/၂၁ အရ အမှုဖွင့်လှစ်ထားရှိကြောင်း သိရှိရသည်။

 Tachileik Online News ( www.tachileik.net  ) 
~~~~~~~~~~ ကြော်ငြာ ~~~~~~~~~