တာချီလိတ်မြို့ 1G1 ဟိုတယ်တွင် သင်္ကြန်အတွင်း ကလေးငယ်များ ဘေးကင်းစွာ အခမဲ့ ရေကစားနိုင်

တာချီလိတ်မြို့ 1G1 ဟိုတယ်တွင် သင်္ကြန်အတွင်း ကလေးငယ်များ ဘေးကင်းစွာ အခမဲ့ ရေကစားနိုင်
ဧပြီ 14, 2015
By Tachileik News Agency

တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက် တိုးနယားကွင်းတွင် မကြာသေးမီက ဖွင့်လှစ်ထားရှိသည့် အဆင့်မြင့် 1G1 ဟိုတယ်၌ သင်္ကြန်အတွင်း ကလေးငယ်များကို ဘေးကင်းစွာ ရေကစားနိုင်ရေးအတွက် စီစဉ်ထားရှိကြောင်း နှင့် ရေလာကစားသော ကလေးငယ်များအတွက် အစားအစာများကို ဘူဖေးလ်စနစ်ဖြင့် ပြုလုပ်ပေးထားကြောင်း သိရသည်။

"ရေချောင်းတွေမှာ သွားဆော့ရင် ရေထဲမျောမှာတွေ၊ ရေနစ်မှာတွေကို ကလေးတွေအတွက် စိုးရိမ်ရတာကြောင့်  ဒီနှစ်တော့ ဟိုတယ်မှာ စီစဉ်ပေးထားပါတယ်၊ ဘယ်ကလေးဖြစ်ဖြစ် လွတ်လွတ်လပ်လပ် ရေလာဆော့လို့ရပါတယ်၊ ကလေးတွေအတွက် စားစရာများကိုလည်း စီစဉ်ပေးထားပါတယ်.."ဟု 1G1 ဟိုတယ်မှ ကိုအောင်နိုင်က ပြောသည်။

ကလေးများ ရေကစားနိုင်ရန်အတွက် လေထိုးထားသည့် ရေကူးကန်သဖွယ် အသေးစားများကိုလည်း ပြုလုပ်ပေးထားပြီး ရေကစားချိန်အား နံနက်(၁၀)နာရီမှ ညနေ(၆)နာရီအချိန်ထိ သတ်မှတ်ပေးထားကြောင့် နှင့် ယနေ့ ဧပြီလ(၁၄)ရက်နေ့မှ သင်္ကြန်အတက်နေ့ဖြစ်သည့် ဧပြီလ(၁၆)ရက် ညနေပိုင်းအချိန်ထိ ဆော့ကစားနိုင်မှာ ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency
#TachileikOnlineNews
www.tachileik.net