ထိုင်း - မြန်မာ နယ်စပ်ဖြစ်သည့် တာချီလိတ်မြို့သို့ ရောက်လာသော ဧည့်သည်များ၊ အနေဖြင့် တည်းခိုဖို့အတွက် ဟိုတယ်များကို ရွေးချယ်ရတော့မယ် ဆိုရင်တော့ ထိုင်း - မြန်မာ အမှတ်(၁) တံတားနဲ့လည်း မနီးမဝေး၊ တာချီလိတ်ရွှေတိဂုံစေတီတော်နဲ့လည်း မနီးမဝေးဖြစ်တဲ့ ဟိုတယ်တစ်ခုကို ညွှန်ပေးပါဆိုရင် "ရွှေရေကန်"ဟိုတယ်ကို တာချီလိတ်သတင်းအေဂျင်စီမှ အွန်လိုင်း ကြော်ငြာ ၀န်ဆောင်မှုအဖြစ် ညွှန်းလိုက်ပါရစေ....
ဟိုတယ် တည်နေရာ...
ဟိုတယ်ရဲ့ တည်နေရာဟာ တာချီလိတ်မြို့ ပြည်သူ့ဆေးရုံ အနောက်ဖက်လမ်းကြားမှာ တည်ရှိနေပြီး၊ တာချီလိတ်ရွှေတိဂုံစေတီတော်၊ မြို့နယ်ဓမ္မာရုံ၊ မြို့မဈေး၊ ထိုင်းနိုင်ငံနှင့် အနီးစပ်ဆုံးဖြစ်သည့် တာလော့ဈေးအပြင် ထိုင်းနိုင်ငံ မယ်ဆိုင် နဲ့ တာချီလိတ်သို့ အသွားအလာပြုနိုင်တဲ့ အမှတ်(၁) နယ်စပ်တံတားနဲ့လည်း မနီးမဝေးမှာ တည်ရှိနေပြီး ရပ်ကွက်အနေဖြင့် မကာဟိုခမ်းရပ်ကွက်ထဲမှာ တည်ရှိနေတာဖြစ်ပါတယ်။
ဟိုတယ်အခန်းပေါင်း
ရွှေရေကန် ဟိုတယ်ကို ၂၀၀၀ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့က စတင်ဖွင့်လှစ်တာဖြစ်ပြီး အခုဆိုရင် ဟိုတယ်ကို အခန်းပေါင်း (၄၆)ခန်းပါဝင်တဲ့ (၆)ထပ်၊ အခန်းပေါင်း(၂၆)ခန်းပါဝင်တဲ့ (၃)ထပ်တို့နဲ့ ဖွဲ့စည်းထားပြီး နောက်မကြာမီမှာ အခန်းပေါင်း(၆၀)ပါဝင်တဲ့ သုံးထပ်ခွဲကိုလည်း တိုးချဲ့ ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်၊ အခန်းပေါင်း (၄၆)ခန်းပါဝင်တဲ့ (၆)ထပ်ကို အဆင်းအတက်အနေဖြင့် ဓါတ်လှေကား နဲ့ ခြေလျင်လှေကား တို့ဖြင့် စီစဉ်ပေးထားတာကို တွေ့ရပါတယ်။
ဈေးနှုန်းကရော...
ရွှေရေကန်ဟိုတယ်ကို လာရောက်တည်းခိုတဲ့ ဧည့်သည်များအတွက် ဈေးနှုန်းသတ်မှတ်ချက်အနေနဲ့ ဘတ်(၇၀၀)မှ ဘတ်(၂၀၀၀)အထိ ဈေးနှုန်းလေးမျိုးလေးစား သတ်မှတ်ထားပါတယ်။
ဧည့်သည်များအတွက် နံနက်စာ ဘူဖေးလ်
တည်းခိုသူ ဧည့်သည် မည်သူကိုမဆို အခန်းယူပြီဆိုတာနဲ့ နံနက်စာအစီအစဉ်ကို ဘူဖေးလ်စနစ်နဲ့ စီစဉ်ပေးထားပြီး၊ နံနက်(၆း၃၀)နာရီကနေ နံနက်(၉း၃၀)နာရီအချိန်ထိ စားသောက်ခန်းမမှာ သုံးဆောင်နိုင်မှာ ဖြစ်ပါတယ်။
ဘယ်လိုမျိုး အိပ်ခန်းတွေရှိလဲ
အခန်းပေါင်း (၇၂)ခန်းရှိရာမှာ တစ်ယောက်အိပ်အခန်း၊ နှစ်ယောက်အိပ်အခန်း နဲ့ မိသားစုခန်း၊ VIP အခန်းများပါရှိပြီး အိပ်ခန်းအတွင်းမှာ အဲယားကွန်း၊ ရေပူ/ရေအေးများလည်း ပါရှိပါတယ်။
အစည်းဝေးခန်းမ
"ရွှေရေကန်"ဟိုတယ်ကို လာရောက်သူ ဧည့်သည်များအနေနဲ့ လူ(၅၀)ခန့် ဆန့်တဲ့ အစည်းအဝေးများ ကိုလည်း ပြုလုပ်နိုင်ပြီး၊ လူ(၅၀)စာအတွက် ကုန်ပစ္စည်းမိတ်ဆက်မှုတွေကိုလည်း အခန်းယူရုံနဲ့ အစည်းအဝေးခန်းမကို အခမဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
ဟိုတယ်မန်နေဂျာက "အစည်းအဝေးခန်းမကို သုံးချင်တာပဲဖြစ်ဖြစ်၊ ကုန်ပစ္စည်း မိတ်ဆက်ပွဲ လုပ်ချင်လို့ပဲဖြစ်ဖြစ် ဟိုတယ်မှာ အခန်းယူတာနဲ့ နံနက်(၉း၃၀)နာရီ ကျော်လွန်တာနဲ့ အစည်းဝေးခန်းမကို အခမဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်၊ နောက်ပြီး လာရောက်တည်းခိုသူ ဧည့်သည်များအနေနဲ့လည်း အင်တာနက် အသုံးပြုနိုင်ရန်အတွက် Wifi Free လွှင့်ပေးထားပါတယ်..."လို့ ပြောပြပါတယ်။
"လာရောက်တဲ့ ဧည့်သည်များ အနေနဲ့ လိုအပ်လာရင် Taxi ငှားချင်တာတွေ၊ လေယာဉ်လက်မှတ်၊ ကားလက်မှတ်တို့ ၀ယ်ချင်တာတွေ ဆိုရင်လည်း ကိုယ်တိုင် သွားဝယ်စရာမလိုပဲ ကျွန်တော်တို့ဘက်က ဆောင်ရွက်ပေးပါတယ်.."လို့ ဆက်လက် ပြောပြပါတယ်။
"ရွှေရေကန်" ဟိုတယ်ကို လာရောက်တည်းခိုတဲ့ ဧည့်သည်များအနေနဲ့ ဆိုင်ကယ်နဲ့ပဲလာလာ၊ မော်တော်ကားနဲ့ပဲလာလာ၊ ကား/ဆိုင်ကယ် ရပ်ထားရန် နေရာများကိုလည်း စိတ်ချစွာ နေရာသတ်မှတ်ပေးထားပါတယ်။
ရပ်နီး/ရပ်ဝေးက ဧည့်သည်များအနေနဲ့ "ရွှေရေကန်"ဟိုတယ်မှာ အခန်းကြိုတင်မှာ ယူလိုသည်ဖြစ်စေ၊ မည်သည့် အကြောင်းကြောင့် ဖြစ်စေ ဆက်သွယ်ချင်တယ်ဆိုရင်တော့ အောက်ဖော်ပြပါ လိပ်စာများကနေ တဆင့် ဆက်သွယ်နိုင်မှာ ဖြစ်ကြောင်း တာချီလိတ် သတင်းအေဂျင်စီမှ အွန်လိုင်းကြော်ငြာ ၀န်ဆောင်မှု အနေဖြင့် ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။