တာချီလိတ်မြို့ ဘုရင့်နောင်ရင်ပြင်တွင် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်သဝဏ်လွှာဖတ်ကြား

တာချီလိတ်မြို့ ဘုရင့်နောင်ရင်ပြင်တွင် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်သဝဏ်လွှာဖတ်ကြား
ဇန်နဝါရီ 4, 2020
By Tachileik News Agency
 

တာချီလိတ်မြို့ ဘုရင့်နောင်ရင်ပြင်တွင် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်သဝဏ်လွှာဖတ်ကြား

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ရှိ ဘုရင့်နောင်ရင်ပြင်တွင် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို ၂၀၂၀ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့ နံနက်(7)နာရီကျော်အချိန်က ကျင်းပ ပြုလုပ်သည်။

(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားအတွက် နိုင်ငံတော်သမ္မတမှ ပေးပို့သော သဝဏ်လွှာအား တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က ဖတ်ကြားသည်။

နိုင်ငံတော်သမ္မတမှ ပေးပို့သော သဝဏ်လွှာတွင် မူးယစ်ဆေးဝါးနှင့် ပတ်သက်၍  နိုင်ငံတော်အတွက် ကြီးမားသော အန္တရာယ်တစ်ရပ်ဖြစ်ပြီး နိုင်ငံသူ၊ နိုင်ငံသားများ၏ ကျန်းမာရေးနှင့် အကျင့်စာရိတ္တကို ထိခိုက်ပျက်ပြားစေသည့် မူးယစ်ဆေးဝါးပြဿနာအား ထိရောက်စွာ တားဆီးကာကွယ်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဆက်လက်ဆောင်ရွက်သွားကြရန် တိုက်တွန်းထားရှိသည်။

အဆိုပါ အခမ်းအနားသို့ တာချီလိတ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်း၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင် နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စော နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်းအဖွဲ့များ နှင့် တိုင်းရင်းသားအသင်းအဖွဲ့အများများ တက်ရောက်ခဲ့ကြသည်။

ဆက်လက်၍ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားသို့ တက်ရောက်လာသူ လူဦးရေ(၃၀၀)စာအတွက် တာချီလိတ်မြို့ ဗယ်လင်တိုင်း နှင့် နိုင်းနိုင်း ကဖေးနှင့်အအေး(စားသောက်ဆိုင်) မိသားစုက မုန့်ဟင်းခါးဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြသည်။

Tachileik News Agency
ဓါတ်ပုံ - ဟန်စိုးထိုက် ၊ ကျော်ဇင်ဟိန်း

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~