တင်ဆက် - ကိုဇောင်း
သတင်းရိုက်ကူး - ဟန်စိုးထိုက်
ဗိုလ်ချုပ်အောင်ဆန်းပုံပါသည့် ကျပ်တစ်ထောင်တန် မြန်မာ့စီးပွားရေးဘဏ်တွေမှာ လဲလှယ်နိုင်ပြီ
ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ ပုံနှိပ်ထုတ်ဝေထားတဲ့ ကျပ်ငွေ (၁၀၀၀)တန်ငွေစက္ကူများကို မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ ရွှေတိဂုံဘုရားအသွားလမ်းမှာရှိတဲ့ မြန်မာစီးပွားရေးဘဏ်မှာ ၂၀၂၀ခုနှစ် ဇန်နဝါရီလ(၇)ရက်နေ့က စပြီး လဲလှယ်ပေးနေပါတယ်။
အဲ့ဒီလို လာရောက်လဲလှယ်လိုသူတွေအနေနဲ့ နာမည် နဲ့ ဖုန်းနံပါတ်ကို စာရင်းပေးသွင်းပြီး လဲလှယ်နိုင်ပါတယ်။
အခုလို လာရောက်လဲလှယ်ခဲ့သူတွေရဲ့ ပြောကြားမှုတွေကို တာချီလိတ်သတင်းအေဂျင်စီကနေ စုစည်းဖော်ပြပေးလိုက်ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ ပုံနှိပ်ထုတ်ဝေထားတဲ့ ကျပ်ငွေ (၁၀၀၀)တန်ငွေစက္ကူများကို နိုင်ငံတော်က ၂၀၂၀ခုနှစ် ဇန်နရီလ(၄)ရက်နေ့ဖြစ်တဲ့ လွတ်လပ်ရေးနေ့မှာ စတင်ထုတ်ဝေကြောင်း ကြေညာထားပေမဲ့ ကြားကာလတွေမှာ ရုံးပိတ်ရက်တွေဖြစ်နေတာကြောင့် ရုံးဖွင့်ရက်ဖြစ်တဲ့ ဇန်နဝါရီလ(၇)ရက်နေ့မှသာ တာချီလိတ်အပါအဝင် တိုင်းနဲ့ပြည်နယ်အသီးသီးက မြန်မာ့စီးပွားရေးဘဏ်တွေမှာ လဲလှယ်ပေးနေတာ ဖြစ်ပါတယ်။