တာချီလိတ်တွင် အရင်နှစ်ကလို မီးခိုးဖုံးလွှမ်းမှု မဖြစ်စေရန် ကြိုတင်ကာကွယ်နိုင်ရေးအတွက် စီမံ

တာချီလိတ်တွင် အရင်နှစ်ကလို မီးခိုးဖုံးလွှမ်းမှု မဖြစ်စေရန် ကြိုတင်ကာကွယ်နိုင်ရေးအတွက် စီမံ
ဖေဖော်ဝါရီ 15, 2020
By Tachileik News Agency
တာချီလိတ်တွင် အရင်နှစ်ကလို မီးခိုးဖုံးလွှမ်းမှု မဖြစ်စေရန် ကြိုတင်ကာကွယ်နိုင်ရေးအတွက် စီမံ 

နယ်စပ်ဒေသ တာချီလိတ်ခရိုင်အတွင်းမှာ  နှစ်စဉ် ကြုံတွေ့နေရတဲ့ တောင်ယာမီးရှို့တာတွေ နယ်စပ်ဖြတ်ကျော်မီးခိုးငွေ့အန္တရာယ်တွေနဲ့ ပတ်သက်ပြီး ကြိုတင် ပြင်ဆင်မှုတွေ လုပ်ဆောင်တဲ့အနေနဲ့ တာချီလိတ်ခရိုင်အတွင်းက မြို့နယ် (၃)မြို့နယ်မှာာ ကျေးရွာတွေအထိ အသိပညာပေး ဟောပြောပွဲတွေ ဆောင်ရွက်နေသလို တောင်ယာမီးရှို့တာနဲ့ ပတ်သက်ပြီး အလှည့်ကျမီးရှိုတဲ့စနစ်တွေ လုပ်ကိုင်နိုင်ဖို့ စီစဉ်ထားကြောင်း တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က ပြောပါတယ်။

နယ်စပ်ဖြတ်ကျော်မီးခိုးငွေ့ပြသနာအတွက် နှစ်နိုင်ငံ ဆွေးနွေးမှုတွေ လုပ်ဆောင်နေရတယ်လို့လည်း ခရိုင်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

တာချီလိတ်ခရိုင်အတွင်း မီးခိုးမြူတွေဖုံးလွှမ်းပြီး အရေးပေါ်အခြေအနေဖြစ်ပေါ်လာရင်တော့ လေထုတိုင်းတာရရှိတဲ့ အချက်အလက်တွေကို အများပြည်သူကို ထုတ်ပြန်တာတွေ၊ နှာခေါင်းစည်းဝေငှတာတွေ၊ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုပေးတာတွေ၊ လေထုအတွင်း ရေမှုန် ရေမွှားပတ်ဖြန်းတာတွေနဲ့ မီးခိုးရှောင်စခန်းတွေစတာတွေ လုပ်ဆောင်ပေးသွားနိုင်ရန် ကြိုတင်တင် ပြင်ဆင်ထားရှိတယ်လို့ သိရပါတယ်။

Tachileik News Agency
တင်ဆက် - ကိုဇောင်း
သတင်းရိုက်ကူး - ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~