ကျောက်မဲသို့ မူးယစ်ဆေးသယ်လာသည့် အမျိုးသားနှစ်ဦးကို သီပေါ - နမ့်လန်ကားလမ်းတွင် ဖမ်းမိ

မတ် 6, 2020
By 🌸

ကျောက်မဲသို့ မူးယစ်ဆေးသယ်လာသည့် အမျိုးသားနှစ်ဦးကို သီပေါ - နမ့်လန်ကားလမ်းတွင် ဖမ်းမိ

ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့နယ်အတွင်း သီပေါ - နမ့်လန်ကားလမ်းတွင် ၂၀၂၀ ခုနှစ်၊ မတ်လ (၅)ရက်နေ့က ဖြတ်သန်းသွားလာသည့် မော်တော်ယာဉ်များအား ရှာဖွေစစ်ဆေးရာ ဆိုင်ကယ်ဖြင့် မူးယစ်ဆေးသယ်လာသည့် အမျိုးသားနှစ်ဦးကို ဖမ်းဆီးရမိကြောင်း သိရသည်။

အမှတ် (၂၄) မူးယစ်တပ်ဖွဲ့ဦးဆောင်သည့် ပူးပေါင်းအဖွဲ့က သီပေါ - နမ့်လန်ကားလမ်း ခိုလုံကျေးရွာ (၉) မိုင်လမ်းခွဲအနီးတွင် စစ်ဆေးနေစဉ် နေ့လယ် (၁)နာရီခွဲဝန်းကျင်၌ အမျိုးသားနှစ်ဦးစီးနင်းလာသည့် ဆိုင်ကယ်တစ်စီးကို စစ်ဆေးရာ WY စာတမ်းပါ စိတ်ကြွဆေးပြား (၈၂၀၀)ပြားနှင့် ဘိန်းဖြူ (၅၅) ဂရမ်တို့ကို စစ်ဆေးတွေ့ရှိခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အမျိုးသားနှစ်ဦးသည် မူးယစ်ဆေးများ ပြန်လည်ရောင်းချရန် သီပေါမြို့နယ်၊ ပန်ညုကျေးရွာဘက်မှ ကျောက်မဲသို့ သွားစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းမိသည့် စိုင်းဘအုန်းနှင့် အိုက်ကျော်တို့အား သီပေါမြို့မရဲစခန်းတွင် မယ(ပ)၂၃/ ၂၀၂၀၊ မူး/ စိတ် ပုဒ်မ ၁၉(က)/ ၂၀ ( က )/ ၂၁ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

Tachileik News Agency
သတင်း -နေဖြိုးမြင့်
ဓါတ်ပုံ -ရဲတပ်ဖွဲ့

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~