တာချီလိတ် - မယ်ဆိုင်အကြားရှိ ချစ်ကြည်ရေးတံတား(၁) ပုံမှန်အတိုင်း လည်ပတ်

တာချီလိတ် - မယ်ဆိုင်အကြားရှိ ချစ်ကြည်ရေးတံတား(၁) ပုံမှန်အတိုင်း လည်ပတ်
မတ် 21, 2020
By Tachileik News Agency
တာချီလိတ် - မယ်ဆိုင်အကြားရှိ ချစ်ကြည်ရေးတံတား(၁) ပုံမှန်အတိုင်း လည်ပတ်

ထိုင်း - မြန်မာ နယ်စပ်ဒေသ မယ်ဆိုင်မြို့ဘက်မှ နေ့စဉ်စားသောက်ကုန် ပစ္စည်းများကို တာချီလိတ်သို့ ပို့ဆောင် ရောင်းချရန်အတွက် မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားကို အဓိက အသုံးပြုနေရပြီး မယ်ဆိုင်ဘက်တွင် နယ်စပ်တံတားဖွင့်ချိန်အား စောင့်နေကြသည်ကို ၂၀၂၀ခုနှစ် မတ်လ(၂၁)ရက်နေ့တွင် တွေ့ရသည်။

ထို့အတူပင် တာချီလိတ် နှင့် မယ်ဆိုင်တံတားထိပ်တို့တွင် နေ့စဉ် နံနက် တံတားဖွင့်ချိန်အား တာချီလိတ်နှင့်မယ်ဆိုင်ဘက်မှ  နေ့စဉ်စားသောက်ကုန် ပစ္စည်းများ ပို့ဆောင်ရန်အတွက် စောင့်ဆိုင်းနေလေ့ရှိသည်။

တာချီလိတ်တွင် ချစ်ကြည်ရေးတံတား(၁)အား ပိတ်မည်ဆိုသည့် ကောလာဟလများ ထွက်ပေါ်ခဲ့ပြီးနောက် တကယ်တမ်းတွင် ချစ်ကြည်ရေးတံတား(၂)ကိုသာ မတ်လ(၂၁)ရက်နေ့က စ၍ ယာယီပိတ်လိုက်ခြင်း ဖြစ်ပြီး ချစ်ကြည်ရေးတံတား(၁)တွင် ပုံမှန်အတိုင်း လည်ပတ်နေလျက်ရှိသည်။

COVID-19 ကြိုတင်ကာကွယ်ရေးအတွက် ချစ်ကြည်ရေးတံတား(၁)မှ တဆင့် မြန်မာ နှင့် ထိုင်းနိုင်ငံသားမှလွဲ၍ နိုင်ငံခြားသားများ ဝင်ထွက်သွားလာခွင့်ကို ယာယီပိတ်ထားလိုက်ပြီ ဖြစ်သည်

တာချီလိတ်ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေးအမှတ်(၁)တံတား၏ ဖွင့်ချိန်သည် မြန်မာစံတော်ချိန် နံနက်(၆)နာရီဖြစ်ပြီး ပိတ်ချိန်သည် မြန်မာစံတော်ချိန် ည(၈)နာရီခွဲဖြစ်သည်။

ပုံအညွန်း -  မယ်ဆိုင်မြို့ဘက်မှ နေ့စဉ်စားသောက်ကုန် ပစ္စည်းများကို တာချီလိတ်သို့ ပို့ဆောင် ရောင်းချရန် နံနက်အစောပိုင်း တံတားဖွင့်ခါနီး စောင့်ဆိုင်းနေသည့် မြင်ကွင်း

Tachileik News Agency
ဓါတ်ပုံ - ဦးထွန်း(မယ်ဆိုင်)


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~