ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရန်အတွက် ပင်စင်လစာထုတ်သူများအား ကိုယ်အပူချိန်တိုင်းတာခြင်းပြုလုပ်မည်ဖြစ်၍ စမ်းသပ်မှုကို လက်ခံကြရန် ဘဏ်က မေတ္တာရပ်ခံ အသိပေးထားပြီး လက်သန့်ဆေးလည်း ထားရှိပေးသွားမည်ဟု သိရသည်။
ကျွန်တော် မနက်ဖြန်မှာ ပင်စာလစာ လာရောက်ထုတ်သူများကို ပထမဆုံး လက်ဆေးတာတွေ ပြုလုပ်နိုင်ဖို့ လက်ဆေးဖို့ ရေတွေရော Hand Gel ရော စီစဉ်ပေးထားတယ်။ ဘဏ်ထဲဝင်တဲ့အချိန်မှာလည်း ကိုယ်အပူချိန်တိုင်းပြီးမှ ပေးဝင်ဖို့ စီစဉ်ထားပါတယ်
ဟု မြန်မာ့စီးပွားရေးဘဏ်မှာ တာဝန်ရှိသူ တစ်ဦးက တာချီလိတ်သတင်းအေဂျင်သို့ ပြောသည်။
မြန်မာ့စီးပွားရေးဘဏ်များတွင် ၂၀၂၀ ခုနှစ်၊ မတ်လ (၂၃) ရက်နေ့၌ ပင်စင်လစာ လာရောက် ထုတ်မည့်သူများအတွက် ဘဏ်ဧရိယာ၏ ဝင်ပေါက်တွင် လက်ဆေးနိုင်ရန် ဆပ်ပြာနှင့် Hand Gel များထားရှိရန်နှင့် ဘဏ်အဝင်ပေါက်တွင် ဘဏ်ဝန်ထမ်း (၂)ဦးက ကိုယ်ပူချိန်တိုင်းတာသည့် ကိရိယာများဖြင့် တိုင်းတာစစ်ဆေးမှုများ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း သိရသည်။
တာချီလိတ်ရှိ မြန်မာ့စီးပွားရေးဘဏ်သို့ လစဉ် ပင်စင်လစာ လာရောက်ထုတ်ယူသည့် ပင်စင်စား (၄၀၀)ကျော်ရှိကြောင်း သိရသည်။
Tachileik News Agency
ဓါတ်ပုံ - ကျော်ဇင်ဟိန်း