COVID-19 အတည်ပြုလူနာ ဧည့်လမ်းညွှန်အမျိုးသမီး ရောက်ရှိခဲ့သည့် ပခုက္ကူမှ စားသောက်ဆိုင်ကို ပိုးသတ်ဆေးဖြန်းခြင်းနှင့် ဆိုင်ရှင်၊ ဆိုင်ဝန်ထမ်းများအား သီးခြားစောင့်ကြည့်ခြင်းများ ဆောင်ရွက်

COVID-19 အတည်ပြုလူနာ ဧည့်လမ်းညွှန်အမျိုးသမီး ရောက်ရှိခဲ့သည့် ပခုက္ကူမှ စားသောက်ဆိုင်ကို ပိုးသတ်ဆေးဖြန်းခြင်းနှင့် ဆိုင်ရှင်၊ ဆိုင်ဝန်ထမ်းများအား သီးခြားစောင့်ကြည့်ခြင်းများ ဆောင်ရွက်
မတ် 28, 2020
By Tachileik News Agency
COVID-19 အတည်ပြုလူနာ ဧည့်လမ်းညွှန်အမျိုးသမီး ရောက်ရှိခဲ့သည့် ပခုက္ကူမှ စားသောက်ဆိုင်ကို ပိုးသတ်ဆေးဖြန်းခြင်းနှင့် ဆိုင်ရှင်၊ ဆိုင်ဝန်ထမ်းများအား သီးခြားစောင့်ကြည့်ခြင်းများ ဆောင်ရွက်

ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ  နေ့လည်စာ ဝင်ရောက်စားသောက်ခဲ့သည့်  မကွေးတိုင်းဒေသကြီး၊
ပခုက္ကူမြို့မှ ဟိုပင်စားသောက်ဆိုင်အား ၂၀၂၀ ခုနှစ်၊ မတ်လ(၂၈)ရက် နေ့လယ်ပိုင်း၌ ပိုးသတ်ဆေးဖြန်းခြင်း ဆောင်ရွက်ပြီး ဆိုင်ရှင်မိသားစုနှင့် ဆိုင်ဝန်ထမ်းများကို (၁၄)ရက် သီးခြားစောင့်ကြည့်ခြင်း ဆောင်ရွက်ထားကြောင်း သိရသည်။

ပိုးတွေ့လူနာနဲ့ ထိတွေ့ခဲ့သူအားလုံးကို မဖြစ်မနေ Quarantine  လုပ်ရမှာပါ။ လူနာနဲ့ ထိတွေ့ခဲ့သူဖြစ်စေ၊ မထိတွေ့ခဲ့သူဖြစ်စေ ဆိုင်ထဲမှာရှိနေသူအားလုံးကို Quarantine  လုပ်ရမှာဖြစ်ပါတယ်။ ဆိုင်ကို (၁၇)ရက်နေ့က ရောက်ပြီး စားသောက်ခဲ့တာဆိုတော့ (၁၄)ရက် မပြည့်သေးလို့လည်း လုပ်ရတာပါ။ လောလောဆယ် သူတို့အားလုံး ကျန်းမာရေးကောင်းမွန်ပါတယ်

ဟု ပခုက္ကူခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယခရိုင်ဦးစီးမှူး ဒေါက်တာဝင်းနိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဟိုပင်ဆိုင်ရှင်ပါဝန်ထမ်း (၁၀) ဦးရှိသည့်အနက်မှ ဆိုင်ရှင်ပါ မိသားစု(၄)ဦးအား Home Quarantine အဖြစ်စောင့်ကြည့်မည်ဖြစ်ပြီး ဆိုင်ဝန်ထမ်း (၆)ဦးကို လေယာဉ်ကွင်းဟောင်း၌ရှိသည့် အဆောက်အဦတွင် Facility Quarantine  အဖြစ်  စောင့်ကြည့်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါဆိုင်တွင် မတ်လ (၂၇)ရက်နေ့က အတည်ပြုလူနာဖြစ်သည့် အသက်(၆၀)နှစ်အရွယ် ပြင်သစ်ဧည့်လမ်းညွှန်နှင့်အဖွဲ့ မတ်လ (၁၇)ရက်နေ့က နေ့လယ်စာ ဝင်ရောက်စားသောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဧည့်လမ်းညွှန်အမျိုးသမီးနှင့်အဖွဲ့သည် မတ်လ (၁၄)ရက်နေ့မှစ၍ ရန်ကုန်- မန္တလေး - စစ်ကိုင်း - မုံရွာ -ပခုက္ကူ - ပုဂံ - ပုပ္ပါး - ကလော - ပင်းတယ - ညောင်ရွှေ - ဟဲဟိုး - ရန်ကုန်ခရီးစဉ်အတိုင်း မတ်လ (၁၄)ရက်နေ့မှ မတ်လ (၂၂)ရက်နေ့အထိခရီးသွားရောက်ခဲ့ပြီး မတ်လ (၂၅)ရက်နေ့၌ စတင်ဖျားနာလာပြီး မတ်လ (၂၆)ရက်နေ့၌ စောင့်ကြည့်လူနာအဖြစ်သတ်မှတ်ကာ ဓါတ်ခွဲစစ်ဆေးခဲ့ခြင်းဖြစ်သည်။

ပခုက္ကူမြို့ရှိ Facility Quarantine တွင် လောလောဆယ် နေရပ်ပြန် ကျား(၁၆)ဦးရှိပြီး  Home Quarantine များလည်းရှိသော်လည်း စောင့်ကြည့်နှင့် သံသယလူနာ မရှိဟု သိရသည်။

Tachileik News Agency
သတင်း-ဖီးနစ်
ဓာတ်ပုံ-Myint Sein


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~