တာချီလိတ်မှာ ကုန်တင်ယာဉ်မောင်းများနဲ့ ယာဉ်နောက်လိုက်များကို test kit တွေနဲ့ Covid-19 စစစ်
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင်အတွင်း ဝင်ရောက်လာတဲ့ ကုန်တင်ယာဉ်မောင်းတွေကို COVID-19 စစ်ဆေးမှုတွေလုပ်ဆောင်ရာမှာ test kit တွေနဲ့ စစ်ဆေးပေးနေတာမို့ အချိန်ကြာမြင့်မှုမရှိတဲ့အတွက် ကုန်စည်စီးဆင်းမှုတွေ ထိခိုက်မှာမဟုတ်ဘူးလို့ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
လက်ရှိစစ်ဆေးပေးတဲ့ COVID-19 စစ်ဆေးချက် တွေနဲ့ ပတ်သက်ပြီးတော့ တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီးက အခုလို ပြောပါတယ်
၂၀၂၀ ခုနှစ် အောက်တိုဘာ (၈) ရက်နေ့မှာ တာချီလိတ်ကိုဝင်ရောက်တဲ့ ကုန်တင်ယာဉ်များရဲ့ ယာဉ်မောင်းများနဲ့ ယာဉ်နောက်လိုက်များကို ပထမအကြိမ်အဖြစ် စုစုပေါင်း (၃၇)ဦးကို Test Kidများ နဲ့စစ်ဆေးတဲ့အခါမှာ အားလုံးမှာ Covid-19 ပိုးမတွေ့တဲ့ အဖြေတွေ ထွက်ရှိခဲ့ပါတယ်။
Tachileik News Agency
သတင်းတင်ဆက် - ကိုဇောင်း