အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)က ၂၀၂၀ခုနှစ် ဧပြီလ(၁၈)ရက်နေ့၏ တတိယအသုတ် စစ်ဆေးမှုတွင် COVID-19 ရောဂါပိုး အတည်ပြုလူနာ (၉)ထပ်တိုး၍ ကူးစက်ခံရသူ စုစုပေါင်း (၁၀၇)ဦးရှိနေကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဧပြီလ(၁၉)ရက်နေ့ နံနက်(၇)နာရီအချိန်က သတင်းထုတ်ပြန်ထားသည်။
အသစ်ထပ်တိုးသည့် အတည်ပြုလူနာ(၉)ဦးသည် ရန်ကုန်တိုင်းဒေသကြီးတစ်ခုတည်းက ဖြစ်ကြောင်း သိရသည်။
ဧပြီလ(၁၈)ရက်နေ့ တစ်နေ့တည်းတွင် စုစုပေါင်း (၂၇၂)ဦးအား အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)က (၃)သုတ်ခွဲ၍ စစ်ဆေးရာတွင် COVID-19 ရောဂါပိုး ကူးစက်ခံရသူ (၁၃)ဦးတွေ့ရှိခဲ့ပြီး တာချီလိတ်မှ (၁)ဦး နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ (၁၂)ဦးတို့ ပါဝင်သည်။
မြန်မာနိုင်ငံအတွင်း COVID-19 ရောဂါပိုး စုစုပေါင်းသည် ၂၀၂၀ခုနှစ် ဧပြီလ(၁၉)ရက်နေ့ နံနက်(၇)နာရီအချိန်အထိ ကူးစက်ခံရသူ (၁၀၇)ဦး နှင့် သေဆုံးသူ(၅)ဦးရှိကြောင်း သိရသည်။
Tachileik News Agency