တရုတ်နိုင်ငံ ဝူဟန်မြို့မှ ပြန်လာသူတစ်ဦးနှင့် ကားအတူစီးလာသူသုံးဦးအား မိုင်းဆတ်မြို့၌ Facility Quarantine ထားရှိ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့တွင် တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှ ပြန်လာသူ (၁) ဦး၊ ၎င်းနှင့် ကားအတူစီးလာသူ (၃) ဦး စုစုပေါင်း (၄) ဦးကို ၂၀၂၀ ခုနှစ်၊ မေလ (၁၂) ရက်နေ့ကစ၍ Facility Quarantine တွင် စောင့်ကြည့်ထားကြောင်း သိရသည်။
တရုတ်နိုင်ငံ၊ ဝူဟန်မြို့တွင် ဖမ်းဆီးခံခဲ့ရပြီး ပြန်လွတ်လာသည့် အသက်(၃၅)နှစ်အရွယ် မြန်မာနိုင်ငံသား ကားစက်ရုံ အလုပ်သမားသည် မူဆယ်မြို့မှတစ်ဆင့် တောင်ကြီး - မိုင်းပန် - မိုင်းဆတ်လမ်းအတိုင်း မိုင်းဆတ်မြို့သို့ မေလ (၁၂) ရက်နေ့ ည(၇)နာရီ မိနစ်(၂၀)ခန့်က ရောက်ရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါ အမျိုးသားနှင့်ကားအတူစီးလာသည့် ယာဉ်မောင်း၊ ယာဉ်အကူနှင့် ခရီးသည်အမျိုးသမီးတစ်ဦး စုစုပေါင်း လေးဦးအား အခြေခံပညာအထက်တန်း ကျောင်းခွဲ( မြို့သစ်)တွင် Facility Quarantine စောင့်ကြပ်ကြည့်ရှု့ထားကြောင်း သိရသည်။
Tachileik News Agency
သတင်း - မြင့်မောင်(မိုင်းဆတ်)