အခုနောက်ပိုင်းမှာ စစ်ဆေးရမည့် Covid-19 ဓါတ်ခွဲနမူနာ အရေအတွက်များလာလို့ အရင်လို အဖြေ မမြန်နိုင်
COVID-19 ရောဂါစစ်ဆေးဖို့အတွက် အမျိုးသားဓာတ်ခွဲဌာနကို ပေးပို့စစ်ဆေးနေရာမှာ နိုင်ငံတစ်ဝှမ်းဒေသပေါင်းစုံက ဓာတ်ခွဲနမူနာတွေ နေ့စဉ်ထောင်နဲ့ချီရောက်ရှိနေတဲ့အတွက် အချိန်ကြန့်ကြာမှုအနည်းငယ်ရှိနေတာဖြစ်တယ်လို့ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဘစိုးသက်က ပြောပါတယ်။
COVID-19 ရောဂါက ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါဖြစ်နေတဲ့အတွက် ဇီဝလုံခြုံရေးမြင့်မားတဲ့ ဓာတ်ခွဲခန်းတွေကို ပေးပို့စစ်ဆေးနေရတာဖြစ်တာကြောင့် လတ်တလောမှာတော့ တာချီလိတ်နဲ့အနီးဆုံးဖြစ်တဲ့ ကျိုင်းတုံမြို့က တပ်မတော် ဓါတ်ခွဲခန်းကိုတော့ ပေးပို့လို့မရသေးကြောင်း ဒေါက်တာဘစိုးသက်က ပြောပါတယ်။
ရှမ်းပြည်နယ်အရှေ့ပိုင်းက COVID-19 စစ်ဆေးဖို့အတွက် ဓါတ်ခွဲနမူနာတွေကို (၅) ရက်တာထားရှိနိုင်တဲ့ အအေးခန်းတွေနဲ့ ထည့်သွင်းပို့ဆောင်နေပြီး ပို့ဆောင်ရာမှာ လေယာဉ်ခရီးစဉ်နဲ့ တစ်ရက်တာအတွင်းရောက်ရှိအောင် ပို့ဆောင်ပေးနေတာဖြစ်ပါတယ်။
Tachileik News Agency
တင်ဆက် - ကိုဇောင်း
သတင်းရိုက်ကူး - ချယ်ရီထိုက်၊ စိုင်းအောင်ဝင်းမိုး