ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့လယ်က ရှမ်းရိုးမကွင်းအတွင်း ညဈေးပြန်လည်ဖွင့်လှစ်နိုင်ဖို့အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီးက သဘောတူထားပေမယ့် ပြည်နယ် COVID-19 ကော်မတီရဲ့ တရားဝင်ခွင့်ပြုချက် ရယူရဦးမှာဖြစ်တယ်လို့ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က ပြောပါတယ်။
COVID-19 ကာလမှာ တာချီလိတ်မြို့ ရှမ်းရိုးမကွင်းအတွင်းက ညဈေး အပါအဝင် မြန်မာ-ထိုင်း ချစ်ကြည်ရေး အမှတ်(၁)နဲ့ အမှတ်(၂)တံတားသွားရာလမ်းရှိ ညဈေးတန်းတွေကို ယာယီပိတ်ထားတဲ့အတွက် ဈေးသည်အများစုက ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးတစ်လျှောက်မှာ ယာယီဆိုင်ခန်းတွေ ဖွင့်လှစ်ရောင်းချနေကြပါတဲ့အတွက် လမ်းပေါ်မှာ ယာဉ်ကြောကြပ်တည်းမှုများရှိနေတဲ့အတွက် ဈေးသည်များဟာ အရင်ကလိုပဲ ရှမ်းရိုးမကွင်းအတွင်းနဲ့ သတ်မှတ်နေရာများမှာ ပြန်လည်ရောင်းလိုတဲ့ ဆန္ဒတွေရှိနေကြပါတယ်။
Tachileik News Agency
သတင်းတင်ဆက် - ကိုဇောင်း
သတင်း/ရိုက်ကူး - ဟန်စိုးထိုက်