“မယ္ဆုိင္က မဲေခါင္ေဒသဟိုတယ္ရဲ႕အေနာက္မွာ ကုန္စည္ျပပြဲလုပ္ဖို႔ရိွေတာ့ ေတာင္ႀကီး၊ က်ိဳင္းတံု၊ တာခ်ီလိတ္၊ မူဆယ္က ကုန္သည္ေတြ ကုန္စည္လာျပဖို႔ ဆုိင္ခန္းေတြ အလကားေပးထားတာရိွပါတယ္။ တာခ်ီလိတ္က (၄)ခန္းရပါတယ္။ ဒီဘက္က ထုတ္လုပ္တဲ့ ထုတ္ကုန္၊ ကိုယ့္ေဒသထုတ္ကုန္ေတြကို ျပသရမွာပါ။ အဓိက က ျမန္မာ့ထြက္ကုန္ျဖစ္ရမယ္။ (၃၀)ရက္ေန႔ ေန႔လယ္ (၁)နာရီကေန (၆)နာရီအထိ သြားျပင္ထားရမယ္။ အဲဒီဘက္ သြားၿပီး ေရာင္းခ်တာေတြ၊ စားစရိတ္ေတြကေတာ့ ကိုယ့္စားရိတ္နဲ႔ကိုယ္ သြားရမွာပါ။ သူတုိ႔ဘက္က ဆုိင္ခန္းပဲ ေပးမွာေပါ့ေနာ္။ ျမန္မာဘက္က ဆုိင္ခန္းျပတာေတြအျပင္ သြားေရာက္လည္ပတ္ဝယ္ယူလိုသူေတြလည္း သြားေရာက္ႏုိင္ပါတယ္” ဟု တာခ်ီလိတ္နယ္စပ္ကုန္သည္အသင္းမွ ေဒၚေရႊစင္ထြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
ခ်င္းရိုင္းခရိုင္ စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနက က်င္းပသည့္ နယ္စပ္ေဒသကုန္စည္ျပပြဲ ၂၀၁၉ အား ဇူလုိင္လ (၃၁)ရက္ေန႔မွ ၾသဂုတ္လ (၄)ရက္ေန႔အထိ မယ္ဆုိင္ၿမိဳ႕ရိွ Yuwawan Playground ၌ က်င္းပမည္ျဖစ္ၿပီး အဆိုပါ ကုန္စည္ျပပြဲတြင္ ျပသလိုသည့္ ျမန္မာလုပ္ငန္းရွင္မ်ားအေနျဖင့္ ဆိုင္ခန္း အခမဲ့ရမည္ျဖစ္ကာ ကုန္ပစၥည္းမ်ား သယ္ယူပို႔ေဆာင္စရိတ္၊ ေနထုိင္စားေသာက္စရိတ္မ်ားကို မိမိတို႔အစီအစဥ္ျဖင့္ က်ခံရမည္ျဖစ္ေၾကာင္း သိရသည္။
ကုန္စည္ျပပြဲတြင္ ဝင္ေရာက္ျပသလိုပါက တာခ်ီလိတ္နယ္စပ္ကုန္သည္အသင္း ဖုန္း ၀၉ ၂၅၀၄၇၄၁၄၄၊ ၀၉ ၄၅၂၉၅၂၂၁၅ သို႔ ဆက္သြယ္၍ လည္းေကာင္း ကုန္သည္အသင္းရံုးခန္း ယာယီဖြင့္လွစ္ထားရာ အမွတ္(၂/၁၇၇)၊ ရန္ႀကီးေအာင္လမ္း၊ ေမဖလားဝါးကြင္း၊ မကာဟိုခမ္းရပ္၊ တာခ်ီလိတ္ၿမိဳ႕သို႔ လည္းေကာင္း ဆက္သြယ္ႏုိင္ေၾကာင္း သိရသည္။
Tachileik News Agency
“မယ်ဆိုင်က မဲခေါင်ဒေသဟိုတယ်ရဲ့အနောက်မှာ ကုန်စည်ပြပွဲလုပ်ဖို့ရှိတော့ တောင်ကြီး၊ ကျိုင်းတုံ၊ တာချီလိတ်၊ မူဆယ်က ကုန်သည်တွေ ကုန်စည်လာပြဖို့ ဆိုင်ခန်းတွေ အလကားပေးထားတာရှိပါတယ်။ တာချီလိတ်က (၄)ခန်းရပါတယ်။ ဒီဘက်က ထုတ်လုပ်တဲ့ ထုတ်ကုန်၊ ကိုယ့်ဒေသထုတ်ကုန်တွေကို ပြသရမှာပါ။ အဓိက က မြန်မာ့ထွက်ကုန်ဖြစ်ရမယ်။ (၃၀)ရက်နေ့ နေ့လယ် (၁)နာရီကနေ (၆)နာရီအထိ သွားပြင်ထားရမယ်။ အဲဒီဘက် သွားပြီး ရောင်းချတာတွေ၊ စားစရိတ်တွေကတော့ ကိုယ့်စားရိတ်နဲ့ကိုယ် သွားရမှာပါ။ သူတို့ဘက်က ဆိုင်ခန်းပဲ ပေးမှာပေါ့နော်။ မြန်မာဘက်က ဆိုင်ခန်းပြတာတွေအပြင် သွားရောက်လည်ပတ်ဝယ်ယူလိုသူတွေလည်း သွားရောက်နိုင်ပါတယ်” ဟု တာချီလိတ်နယ်စပ်ကုန်သည်အသင်းမှ ဒေါ်ရွှေစင်ထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ချင်းရိုင်းခရိုင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ကျင်းပသည့် နယ်စပ်ဒေသကုန်စည်ပြပွဲ ၂၀၁၉ အား ဇူလိုင်လ (၃၁)ရက်နေ့မှ သြဂုတ်လ (၄)ရက်နေ့အထိ မယ်ဆိုင်မြို့ရှိ Yuwawan Playground၌ ကျင်းပမည်ဖြစ်ပြီး အဆိုပါ ကုန်စည်ပြပွဲတွင် ပြသလိုသည့် မြန်မာလုပ်ငန်းရှင်များအနဖြေင့် ဆိုင်ခန်း အခမဲ့ရမည်ဖြစ်ကာ ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်စရိတ်၊ နေထိုင်စားသောက်စရိတ်များကို မိမိတို့အစီအစဉ်ဖြင့် ကျခံရမည်ဖြစ်ကြောင်း သိရသည်။
ကုန်စည်ပြပွဲတွင် ဝင်ရောက်ပြသလိုပါက တာချီလိတ်နယ်စပ်ကုန်သည်အသင်း ဖုန်း ဝ၉ ၂၅၀၄၇၄၁၄၄၊ ဝ၉ ၄၅၂၉၅၂၂၁၅ သို့ ဆက်သွယ်၍ လည်းကောင်း ကုန်သည်အသင်းရုံးခန်း ယာယီဖွင့်လှစ်ထားရာ အမှတ်(၂/၁၇၇)၊ ရန်ကြီးအောင်လမ်း၊ မေဖလားဝါးကွင်း၊ မကာဟိုခမ်းရပ်၊ တာချီလိတ်မြို့သို့ လည်းကောင်း ဆက်သွယ်နိုင်ကြောင်း သိရသည်။
Tachileik News Agency