တာချီလိတ်မြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာကော်မရှင်ရုံးများတွင် မဲဆန္ဒရှင် သက်သေခံ လက်မှတ်များကို နိုဝင်ဘာလ (၇)ရက်နေ့ ညနေပိုင်းအထိ ထုတ်ပေးမည်
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာကော်မရှင်ရုံးများတွင် မဲဆန္ဒရှင် သက်သေခံလက်မှတ်များကို ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၇)ရက်နေ့ ညနေပိုင်းအထိ ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းထုတ်ပြန်စဉ်က ကျန်ခဲ့၍ တတိယအကြိမ်မဲဆန္ဒရှင်စာရင်းတွင် ဖြည့်သွင်းရန်လျှောက်ထားသူများလည်း သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာကော်မရှင်ရုံးခွဲများဖြစ်သည့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများ၌ သွားရောက်ထုတ်ယူနိုင်ကြပြီဖြစ်သည်။
နိုဝင်ဘာလ (၈)ရက်နေ့၌ မဲရုံ၌ ဆန္ဒမဲသွားပေးရာတွင် ဆန္ဒမဲလက်မှတ်လျင်မြန်စွာ ထုတ်ယူနိုင်ရန် အဆိုပါ မဲဆန္ဒရှင်လက်မှတ်များ ယူဆောင်သွားရန်လိုအပ်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား (သို့မဟုတ်) ယာယီထောက်ခံစာတို့ကို ယူဆောင်သွားရန် လိုအပ်မည်ဖြစ်သည်။
Tachileik News Agency
ဓာတ်ပုံ - ကျော်ဇင်ဟိန်း