သင်သိပါသလား….. Covid-19 ကာလအတွင်း (၂၉)ဦးအထိ စုဝေးခွင့် ပေးလိုက်ပြီဆိုတာ
၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၁၆) ရက်နေ့မှစ၍ (၂၉) ဦးအထိ COVID 19 ကာကွယ်ရေးလမ်းညွှန်ချက်များအတိုင်း စုဝေးခွင့်ရပါပြီ။
COVID 19 ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကန့်သတ်ချက်များ ထားရှိဆဲဖြစ်သော်လည်း လုပ်ငန်းအချို့ကို ရောဂါကာကွယ်ရေး ဆောင်ရွက်ရမည့် သတ်မှတ်ချက်များအား အတိအကျလိုက်နာ ဆောင်ရွက်စေခြင်းဖြင့် ခွင့်ပြုထားပြီဖြစ်ရာ လူစုလူဝေးဖြင့် ဆောင်ရွက်ရသည့် လုပ်ငန်းများအတွက် လူဦးရေ (၂၉) ဦးအထိ ခွင့်ပြုလာခြင်းဖြစ်သည်။
လူစုလူဝေးခွင့်ပြုထားသော်လည်း COVID 19 နှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့က ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်များကို လိုက်နာကြရမည်ဖြစ်ပြီး လိုက်နာရန် ပျက်ကွက်ပါက ကူးစက်ရောဂါများ ကာကွယ်နှိမ်နှင်းရေးဥပဒေအရ အရေးယူဆောင်ရွက်နိုင်မည်ဖြစ်သည်။
{ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၁၂)ရက်နေ့ ထုတ်ပြန်သည့် အမိန့်အမှတ် ၈၈/ ၂၀၂၀}